အနိုင်ရပါက ထိုင်းနိုင်ငံကဲ့သို့ အဆင့်မီအောင် လုပ်ပေးမည်ဟု UBP ကိုယ်စားလှယ်လောင်းပြော

0
324
Dawei Watch, Dawei News, Dawei News Media

လာမည့်ရွေးကောက်ပွဲ မိမိအနိုင် ရမည်ဆိုပါက ထိုင်းနိုင်ငံကဲ့သို့ အဆင့်အတန်းမီအောင် ပြုလုပ်ပေးသွားမည်ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) မှ ဝင်ရောက်အရွေးခံသည့် ဘုတ်ပြင်းမြို့နယ် ကိုယ်စားလှယ်လောင်းက ပြောဆိုလိုက်သည်။

အောက်တိုဘာ ၁၉ ရက်နေ့က ဘုတ်ပြင်းမြို့နယ် တောင်ငယ်ကျေး ရွာသို့ မဲဆွယ်ရန် ရောက်ရှိလာသည့် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ဇော်မင်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

]]ကျွန်တော်တို့ အစိုးရဖြစ်ရင် ထိုင်းနိုင်ငံလို အဆင့်မီအောင် လုပ်ပေးမယ်}} ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံတွင် မြေတစ်ကွက်ပိုင်ပါက ကုမ္ပဏီမှ ကျွဲကိုလာပို့ပြီး ငါးနှစ်ကြာမှ အကြွေးဆပ်ရကြောင်း ထို့အတူ ကားဝယ်လျှင်လည်း အရစ်ကျစနစ်ဖြင့် ဝယ်၍ရကြောင်း ၎င်းက ညွှန်းဆိုသွားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) မှာ ဗိုလ်ချုပ်ကြီးဟောင်းနှင့် လွှတ်တော်နာယကဟောင်းဖြစ်သည့် သူရဦးရွေမန်းက တည်ထောင်ထားပြီး တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်အရွေးခံသည့် ပါတီတစ်ခုဖြစ်သည်။

ခိုင်ဇင်သော်