ခရင်းခွကျွန်းသို့ နိုင်ငံကူး အပျော်စီးသင်္ဘော တစ်လ နှစ်ကြိမ်ခန့်လာမည်

0
426

ကော့သောင်းမြို့နယ်မှ ရေမိုင် ၄၀ ခန့်ကွာဝေးသည့် ခရင်းခွကျွန်းသို့ နိုင်ငံကူးအပျော်စီးသင်္ဘောဖြင့် တစ်လ နှစ်ကြိမ်ခန့် လည်အပတ် လာရောက် မည်ဖြစ်ကြောင်း အဆိုပါကျွန်းတွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်ခွင့်ရထား သည့် Tint Tint Myanmar ကုမ္ပဏီ ထံမှ သိရသည်။

နိုဝင်ဘာလ ၃ရက်က စတင် ဖွင့်လှစ်လိုက်သည့် ခရင်းခွကျွန်းကို လူဦးရေ ၄၀၀၀ ကျော် တင်ဆောင်လာမည့်Star Cruises နိုင်ငံကူး အပျော်စီး သင်္ဘော တစ်လနှစ်ကြိမ် လာရောက်မည် ဖြစ်သည့်အတွက် တစ်လလျှင် နိုင်ငံ ခြားသား ရှစ်ထောင်ကျော်လာရောက် လည်ပတ်နိုင်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။

“တစ်လ ၈ ထောင်လောက် နိုင်ငံခြား ဧည့်သည်ဝင်မှာမို့ နိုင်ငံတော်အတွက် ရော ဒေသအတွက်ပါ အထောက်အကူ ဖြစ်မှာပါ”ဟု ဒေါ်တင့်တင့်လွင်က ဆိုသည်။
Tint Tint Myanmar ကုမ္ပဏီ သည် ဟောင်ကောင်နိုင်ငံ အခြေစိုက် Star Cruises ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ကိုင်ရန် နားလည်မှုစာချွန်လွှာ MOUရေးထိုးထားကြောင်း ၎င်းက ဆိုသည်။

Star Cruises နိုင်ငံကူး အပျော် စီးသင်္ဘောသည် ခရင်းခွကျွန်း ဖွင့်ပွဲ ကျင်းပသည့် နိုဝင်ဘာလ ၃ ရက်က ပထမဆုံးအကြိမ် လာရောက်ခဲ့သည်။
ခရင်းခွကျွန်းသည် ယူ (U) ပုံ သဏ္ဍာန်ရှိပြီး ကျွန်းမှာ ဧရိယာ ၅၅ ဧက ရှိကာ Tint Tint Myanmar ကုမ္ပဏီမှ နှစ်ပါင်း ၇၀ လုပ်ကိုင်ခွင့် ရထားကြောင်း သိရသည်။