ကော့သောင်းတွင် ဆိုင်ကယ်ချင်းတိုက်မိရာမှ စိတ်ကြွဆေးမိ

0
703

ကော့သောင်းမြို့နယ်၊ ဘန်းကချွန် ကျေးရွာအုပ်စုတွင် မတ်လ ၄ ရက်က ဆိုင်ကယ်ချင်းတိုက်ရာမှ စိတ်ကြွဆေးပြား လေးရာခန့် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဘန်းကချွန်ကျေးရွာအုပ်စုရှိ ၁၄ မိုင် တံတားအနီးတွင် နံပါတ်မပါသည့် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် မိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့တိုက်မိရာခြင်းကြောင့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဒဏ်ရာရသည့် အမျိုးသားမှာ ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် ထားသည့် မူးယစ်ဆေးအမှုမှ တရားခံ ပြေးဖြစ်နေကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

တရားခံပြေးဖြစ်နေသည့်အတွက် ၎င်း၏ခန္ဓာကိုယ်ကိုရှာဖွေရာ အတွင်းခံ ဘောင်းဘီအတွင်း အိတ်ဖြင့်ထည့်ထား သည့် WY စိတ်ကြွဆေး ၃၈၉ ပြား ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

ယာဉ်တိုက်မှု၊ စိတ်ကြွဆေး ပြား ဖမ်းမိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေပုဒ်မများဖြင့် ကော့သောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch