ထားဝယ် အဝေးပြေး ကားကွင်း ပြန်ဆောက်မည်

လမ်းပန်းဆက်သွယ်ရေး အထိုက်အလျှောက် ကောင်းမွန်လာပြီးနောက် လေအိတ်ကားများ ပြေးဆွဲလာသော်လည်း ပြောင်းလဲမှု မလုပ်ဘဲ ယခင်အတိုင်း ပစ်ထားသည်ဟု ဝေဖန်ခံနေရသည့် ထားဝယ်အဝေးပြေးကားကွင်းကို ယခုနှစ်အတွင်း အသစ်ပြန်လည်တည်ဆောက်မည်ဟု တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာ ကျော်ဆန်းက ပြောသည်။ လက်ရှိတွင် ကားဝင်းအတွင်း ဆောက်လုပ်ထားသည့် တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရေဆေးခုံ...

အစိုးရမီး အာမခံချက်မရှိ ဟုဆိုကာ ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ထောက်ခံဆန္ဒပြ

အစိုးရမှ အကောင်အထည်ဖော်နေသည့် သဘာဝဓာတ်ငွေ့ လျှပ်စစ်မီး အာမခံချက်မရှိဟု ဆိုကာ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ရမ္မဇူဒေသတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစီမံကိန်းကို ဖေဖော်ဝါရီလ ၁၉ ထောက်ခံဆန္ဒပြခဲ့ကြသည်။ သကျက်တောကျေးရွာတွင် ပြုလုပ်သည့် ထောက်ခံဆန္ဒပြပွဲအပြီးတွင် ဆန္ဒပြဦးဆောင်သူများက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ “အရင်တုန်းက နှစ်ကုန်မီးရတော့မယ်ပြောပြီး အခုထိမရသေးဘူး။...

သပိတ်မှောက်ကျောင်းသားများ ထားဝယ်ပြန်ရောက်

ပဲခူးမြို့မှ ပြန်လှည့်လာသည့် ထားဝယ်၊ မြေလတ်၊မုံရွာသပိတ်မှောက်ကျောင်းသားများထဲမှ ထားဝယ်သပိတ်မှောက် ကျောင်းသားများသည် ဖေဖော်ဝါရီလ ၁၇ ရက် နေ့လယ်တွင် ထားဝယ်မြို့သို့ပြန်လာရောက်ရှိလာပြီဖြစ်သည်။ ပြန်ရောက်လာကြသည့် ထားဝယ်သပိတ်စစ်ကြောင်းမှ ကျောင်းသားများကို ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေးပါတီအချို့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ထားဝယ် နည်းပညာတက္ကသိုလ်ရှေ့တွင် အိုးစည်ဒိုးပတ်များဖြင့် ကြိုဆိုခဲ့ကြသည်။ “ပြည်သူနဲ့ကျောင်းသားစည်းလုံးမှုကြောင့် အောင်ပွဲတစ်မျိုးတော့ရလာခဲ့တယ်” ဟု သပိတ်စစ်ကြောင်းမှ ပြန်လာသည့် ကျောင်းသားတစ်ဦးဖြစ်သူ...

ကံပေါက် ဆန္ဒပြ အလုပ်သမား ကိစ္စ Total ပြန်ရှင်း

အလုပ်ရပ်နားခံရသဖြင့် Total ကုမ္ပဏီအား  ဆန္ဒပြမှု အပေါ်စိုးရိမ်ကြောင်း Total ကုမ္ပ္ပဏီ အထွေထွေ မန်နေဂျာ Xavier Preel က ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြန်လည် ရှင်းလင်းချက် ထုတ်ပြန်လိုက်သည်။   Total E & P Myanmar အနေနှင့် မြန်မာနိုင်ငံတွင်း...

ဟိန္ဒားသတ္တုတွင်းကို ဒေသခံများ ဆန္ဒပြ

ဟိန္ဒား သတ္တုတွင်းကြောင့် သဘာဝ ပတ်ဝန်းကျင်၊ လူမှုစီးပွား ဆုံးရှုံး ထိခိုက် နစ်နာမှုများကို တာဝန်ယူ ဖြေရှင်းရန် ထားဝယ်ခရိုင်၊ မြောင်းပြိုကျေးရွာမှ ရွာသားများဟာ ယနေ့ နံနက် ၈ နာရီမှ နေ့လယ် တစ်နာရီ အချိန်အထိ ကျေးရွာမှ ဟိန္ဒားသတ္တုတွင်းကို ဖြတ်သန်းပြီး ဆန္ဒပြခဲ့ကြသည်။ ၂၀၀၅ မှ ၂၀၁၀...

Total ကုမ္ပဏီ အလုပ်သမား ဥပဒေချိုးဖောက်ဟု ဆန္ဒပြ အလုပ်သမားများပြော

လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးကို   လေးစားလိုက်နာရမည့်   ပြင်သစ်အခြေစိုက် Total ကုမ္ပဏီက အလုပ်သမား  အခွင့်အရေးများကို ချိုးဖောက်နေကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထားဝယ်ခရိုင်၊ ကံပေါက် ဒေသ၌ပြုလုပ်သည့် ကုမ္ပဏီကို ဆန္ဒပြသည့် ဟောပြောပွဲ ဆန္ဒပြ အလုပ်သမားများ က ပြောဆို...

‘အော်ချင်သလောက်အော်၊ ပေးချင်မှ ပေးမယ်’ ဟု ထားဝယ်သပိတ်မှောက် ကျောင်းသား များကို တနင်္သာရီတိုင်း အတွင်းရေးမှူး ရိုင်းစိုင်းစွာပြောဆို

ခေတ္တ ရပ်နားထားရာမှ ပြန်လည်စတင်ခဲ့သည့် ထားဝယ်ကျောင်းသားသပိတ်က ကျောင်းသားကျောင်းသားများနှင့် တနင်္သာရီ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်သိန်းတို့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လယ်တွင် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ပြီး ကျောင်းသားများကို ရိုင်းစိုင်းစွာ ဆက်ဆံခဲ့ကြောင်း ကျောင်းသားသပိတ်တွင်လိုက်ပါသူများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လယ်၂ နာရီခန့်တွင် တိုင်းဒေသကြီးဝန်ကြီးများအိမ်ရာ...

ထားဝယ်တွင် ရွှေည၀ါဆရာတော် တရားဟောခွင့်ပိတ်ခံရ

ထားဝယ်ဒေသ၊သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် ပြုလုပ်မည့်တရားဟောပွဲတွင် ပါဝင်ဟောကြားမည့် ရွှေည၀ါဆရာတော်အား တရားဟောခွင့်ပိတ်ခံရကြောင်း ပရဟိတ ဓမ္မသဘင်ဖြစ်မြောက်ရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ရွှေည၀ါဆရာတော် ဦးပညာသီဟ အပါအ၀င် ဆရာတော်ကြီး ၄ ပါးမှ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ဟောကြားမည့် ၅ ရက်တာ တရားပွဲကို သရက်ချောင်းမြို့နယ်...

ထားဝယ် ကျောင်းသားသပိတ် စစ်ကြောင်း မော်လမြိုင်နှင့် ပေါင်းမည်

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွင် ကျောင်းသားများ၏ တောင်းဆိုချက် အာခံချက်မရရှိသဖြင့် ထားဝယ်ဒေသ၌ အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက် တိုက်ပွဲဝင်ခြင်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြန်လည် စတင်လိုက်ပြီဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ဖက်နေ့တွင် မော်လမြိုင်စစ်ကြောင်းနှင့် ပေါင်းကာ ဆက်လက် ချီတက်သွားမည်ဖြစ်ကြောင်း ထားဝယ်ကျောင်းသား သပိတ်ဦးဆောင်သူများထံမှ...

ဓာတ်ငွေ့ကုမ္ပဏီများ အခြေစိုက်ရာဒေသတွင် လျှပ်စစ်မီး ဈေးကြီးသဖြင့် ဆန္ဒပြ

ထိုင်းနိုင်ငံသို့ ရောင်းချနေသော စွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် တိုတယ်၊ PTTEP နှင့် ပက်ထရောနပ် ကုမ္ပဏီတို့ အခြေစိုက်သော ကံပေါက်ရွာနှင့် ဒေသတစ်ဝိုက်တွင် လျှပ်စစ်မီတာခနှုန်းထားများ ဈေးနှုန်းမြင့်မားနေသဖြင့် ယင်းဒေသသို့ မဟာဓာတ်အားလိုင်းရရှိရေး ဖေဖော်ဝါရီ ၄ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။ ကံပေါက်ဒေသတွင် ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်းများမှ ဖြန့်ဖြူးပေး သည့် လျှပ်စစ်ကို တစ်ယူနစ်လျှင်...