ကံပေါက်ဂက်စ် လျှပ်စစ် မေလ နှောင်း စဖြန့်မည်ဟုဆို

ကံပေါက်ဂက်စ် လျှပ်စစ်ဓာတ် အားကို လာမည့် မေလ နောက်ဆုံး အပတ်တွင် စတင် ဖြန့်ဖြူးနိုင်မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာ ရုံးမှ တာဝန်ရှိသူက ပြောသည်။ လက်ရှိတွင် ဓာတ်အား ဖြန့်ဖြူး ရန်အတွက် မြို့ချင်းဆက် ဓာတ်အား...

ရော်ဘာဈေး တစ်ရိပ်ရိပ် ပြန်တက်

ယခုနှစ်ဆန်းပိုင်းက တစ်ပေါင် လျှင် ငါးရာကျပ် နီးပါးအထိ ဈေးကျ ခဲ့သည့် ရာဘာဈေးနှုန်း တရိပ်ရိပ် ပြန်တက်လာကြောင်း ထားဝယ်မြို့ရှိ ရာဘာလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။ ပြီးခဲ့သည့် အပတ်က ရာဘာတစ် ပေါင်လျှင် ၆၀၀ ကျပ် ဝန်းကျင် ရှိခဲ့ပြီး ယခုအပတ်တွင် ၆၄၀ ကျပ်...

မီးဘေးသင့်သူ အများစု ကိုယ်ပိုင် အစီအစဉ်ဖြင့် နေအိမ်ပြန် ဆောက်မည်

ထားဝယ်မြို့ အိုးလုပ်ရပ်ကွက် မီးလောင်မှုမှ မီးဘေးသင့်သူများအနက်  တိုင်းအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ် ပေးမည့် အိမ်ကို လက်ခံမည့်သူထက် ကိုယ်ပိုင် အစီအစဉ်ဖြင့် နေအိမ်ပြန် ဆောက်မည့်သူ ပိုမိုများကြောင်း ကယ် ဆယ်ရေး စခန်းမှ သိရသည်။ တိုင်းအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်ပေးရမည့် နေအိမ် ၂၂ လုံးသာရှိပြီး...

မီးကူငြိမ်းသည့် ပုဂ္ဂလိက ရေကားများကို ဂုဏ်ပြု

ထားဝယ်မြို့ အိုးလုပ်ရပ်ကွက် မီး လောင်မှုတွင် မီးကူငြိမ်းပေးသည့် ပုဂ္ဂ လိက ရေပေးဝေရေးလုပ်ငန်းရှင် ၁၄ ဦးကို မေလ ၅ ရက်နေ့က ထားဝယ်မြို့ မီးသတ်စခန်းတွင် ကျင်းပသည့် မီး သတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ယင်း ပုဂ္ဂလိကရေကားများသည် သာမန်အချိန်တွင် မြို့အနှံ့...

မူးယစ်ဆေးသုံးသူများ မောင်းမကန်ကမ်းခြေကို မျက်စိကျ

ဟိုတယ်၊ တည်းခိုခန်းများအပြင် အလုံပိတ် အခန်းပါ စားသောက်ဆိုင်များ တစ်နှစ်ထက် တစ်နှစ် တိုးလာသော မောင်းမကန် ကမ်းခြေအား တားမြစ် ဆေး သုံးစွဲသူတို့က ဆေးသုံးစွဲရန် နေရာအဖြစ် မျက်စိကျလာကြောင်း မောင်းမကန် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးယူသိန်းက ပြောသည်။ ထို့ကြောင့် ပွင့်လင်း ရာသီကစပြီး...

မီးဘေးသင့်သူများကို မိုးမဝင်မီ အိမ်ဆောက်ပေးမည်

ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မီး လောင်မှုမှ မီးဘေးသင့်သူများကို မိုးမဝင်မီ အိမ်ဆောက်ပေးမည်ဟု တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုမှ ပြောသည်။ မေလ ၁ ရက်နေ့ ထားဝယ်မြို့ အ.ထ.က ၃ တွင် ပြုလုပ်သည့် မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ ပစ္စည်း ပေးအပ်ပွဲတွင် ယင်းသို့...

ဘုတ်တောင်မှ ကော့သောင်းအထိ ၁၈ ပေ လမ်း ခင်းမည်

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ထားဝယ်မြို့မှ မိုင် ၅၀ ခန့်ဝေးသည့် သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်မှ ကော့သောင်းအထိ ပြည်ထောင်စုလမ်း မကြီးကို ၁၈ ပေ လမ်းခင်းမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် နှစ်များက ရေဖြူမြို့ နယ် မလွှဲတောင်မှ ဘုတ်တောင် အထိ...

မောင်မယ်ရှောင်တွင် ရေတွင်းတူးရာမှ ရှေးဟောင်း အိုး ၂ လုံးတွေ့

ထားဝယ်မြို့နယ် မောင်မယ်ရှောင် ကျေးရွာ၊ ၆ ရပ်ကွက်ရှိ နေအိမ် မြေပြိုကျလျက်ရှိသည့် ရေတွင်းအား ဧပြီလ ၂၈ ရက်နေ့က တူးဖော်ရာ ရှေးဟောင်း အိုး ၂ လုံး တူးဖော်ရရှိ ခဲ့ကြောင်း ရေတွင်းပိုင်ရှင် ဒေါ်စန်းတင် က ပြောသည်။ ရေတွင်းထဲရှိ မြေစာများကို ဖယ်...

ထားဝယ် ကလေးကစားကွင်းတွင် 5D ရုပ်ရှင်ရုံ ထည့်သွင်းမည်

ထားဝယ်မြို့ ရွှေဝယ်သီရိ အားက စားကွင်း ဧရိယာတွင် ဖွင့်ထားသည့် ကလေး ကစားကွင်းတွင် ထည့်သွင်းမည့် 5 D ရုပ်ရှင်ရုံကို မေလလယ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ယင်း ကစားကွင်း တည်ဆောက်ခဲ့သည့် ဖိုးသီးချို လျှပ်စစ် ဝန်ဆောင်မှု ကုမ္ပဏီ ပိုင်ရှင် ဦးအောင်နိုင်က...

လိပ်တွင် ခြင်းတပ် အလှူခံသည့် ကိစ္စ ဝေဖန်သံညံ

လိပ်၏ ကျောပေါ်တွင် ခြင်းတပ် ပြီး အလှူခံခြင်းသည်  တိရိစ္ဆာန်များကို ညှဉ်းပန်းရာရောက်သည်ဟု ဘုရားဖူး ဧည့်သည်တချို့၊ လူမှုရေးအဖွဲ့များနှင့် ဒေသခံများက ဝေဖန်လျက်ရှိသည်။ ထားဝယ်မြို့နယ်၊ စော်ဝကျေးရွာရှိ ဆုတောင်းပြည့် အရူးပျောက် ဘုရား (ပသျှူးကြောက် ဘုရား)တွင် လိပ် ၃ ကောင်၏ ကျောပေါ်တွင် ခြင်းတောင်း ကိုယ်စီတပ်ပြီး...