ထားဝယ် ကလေးကစားကွင်းတွင် 5D ရုပ်ရှင်ရုံ ထည့်သွင်းမည်

0
788

ထားဝယ်မြို့ ရွှေဝယ်သီရိ အားက စားကွင်း ဧရိယာတွင် ဖွင့်ထားသည့် ကလေး ကစားကွင်းတွင် ထည့်သွင်းမည့် 5 D ရုပ်ရှင်ရုံကို မေလလယ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ယင်း ကစားကွင်း တည်ဆောက်ခဲ့သည့် ဖိုးသီးချို လျှပ်စစ် ဝန်ဆောင်မှု ကုမ္ပဏီ ပိုင်ရှင် ဦးအောင်နိုင်က ပြောသည်။


ယင်းကလေး ကစားကွင်းကို ပြီးခဲ့ သည့်နှစ်က အထက်ပါ ကုမ္ပဏီက တည်ဆောက် လှူဒါန်းခဲ့ပြီး အထွေထွေ ကုန်ကျ စရိတ်ကာမိကာ ရေရှည် ထိန်းသိမ်းနိုင်ရန်အတွက် ဝင်ငွေရမည့် ကစားနည်းများနှင့် ဈေးဆိုင်ခန်းများကို ထည့်သွင်း ခဲ့ကြောင်း ဦးအောင်နိုင်က ပြောသည်။

dw
” အရင်ကဆို ကစားမယ့် နေရာ မရှိဘူး၊ ကလေး ကစားကွင်းမှာ ကစား နည်းတွေကို  ကစားရတဲ့အတွက် ကလေး တွေ လမ်းမှား မရောက်တော့ပဲ ဥာဏ်ရည် ဖွံ့ဖြိုးမှု ပိုကောင်းလာမှာ ဖြစ်လို့ ကောင်းတယ် ” ဟု ထားဝယ်မြို့ခံ ဘောလုံး အားကစား သမားတစ်ဦးဖြစ်သူ ကိုမိုးက မှတ်ချက်ပြုသည်။
ယင်းကစားကွင်းတွင် လေမှုတ် ရုပ်နှင့် စပရင်ခုံကို ယခုနှစ် ဇန်နဝါ ရီလက ထည့်သွင်းခဲ့ပြီး မတ်လတွင် စကိတ်ကွင်းနှင့် လျှပ်စစ်ရထား၊  ဧပြီ လတွင် တိုက်ရေယာဉ်တို့ကို ထည့်သွင်း ခဲ့ကြောင်း အထက်ပါ ကုမ္ပဏီမှ သိရသည်။
ရရှိသော ဝင်ငွေများမှ ပိုလျှံငွေ များဖြင့် ကစားကွင်းအတွက် လိုအပ် သည့် ပစ္စည်းများကို ထပ်မံဝယ် ယူဖြည့်တင်းသွားမည်ဟု ဦးအောင်နိုင်က ပြောဆိုသည်။
5D ရုပ်ရှင်ရုံ ဝင်ကြေး ၁၀၀၀ ကျပ် သတ်မှတ်ထားပြီး တစ်ကြိမ်လျှင် ၆ ဦးသာ ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်ကာ အသက် ၅ နှစ်အောက် ကလေးများအပြင် နှလုံး၊ သွေးတိုး၊ အတက်ရောဂါ စသည့် ဝေဒနာရှိ သူများအား  ကြည့်ရှု ခွင့်ပြုမည်မဟုတ် ဟု သိရသည်။