ရော်ဘာဈေး တစ်ရိပ်ရိပ် ပြန်တက်

0
733
ဓါတ်ပုံ -အောင်သူ

ယခုနှစ်ဆန်းပိုင်းက တစ်ပေါင် လျှင် ငါးရာကျပ် နီးပါးအထိ ဈေးကျ ခဲ့သည့် ရာဘာဈေးနှုန်း တရိပ်ရိပ် ပြန်တက်လာကြောင်း ထားဝယ်မြို့ရှိ ရာဘာလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။


ပြီးခဲ့သည့် အပတ်က ရာဘာတစ် ပေါင်လျှင် ၆၀၀ ကျပ် ဝန်းကျင် ရှိခဲ့ပြီး ယခုအပတ်တွင် ၆၄၀ ကျပ် ဝန်းကျင် အထိ မြင့်တက်လာခဲ့ကြောင်း ရာဘာ ရောင်းဝယ်ရေး လုပ်ငန်းရှင် တချို့ထံမှ သိရသည်။
” ပစ္စည်း နည်းနည်းပါး လာတာနဲ့ ဒေါ်လာ ဈေးတက်လာလို့လည်း ဖြစ် နိုင်တယ် ” ဟု ထားဝယ်မြို့ပေါ်ရှိ ရာဘာရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
၆၄၀ ကျပ် ဝန်းကျင်အထိ မြင့် တက်လာပြီးနောက် လက်ရှိအချိန်တွင် ဈေးငြိမ်နေကြာင်း ရော်ဘာဈေးကွက် အတွင်းမှ သိရသည်။