အံဒင်ကျောက်မီးသွေးစက်ရုံကို ဒေသခံ ၆၀၀၀ ခန့်ကန့်ကွက်ဆန္ဒပြ

0
718

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် တည်ဆောက်ရန်စီစဉ် နေသည့် ကျောက်မီးသွေးသုံး ဓာတ် အားပေး စက်ရုံစီမံကိန်း ရုတ်သိမ်းပေးရန် မေလ ၅ ရက်နေ့နံနက်ပိုင်းကဒေသခံ ၆၀၀၀ ခန့်ကကန့်ကွက်ဆန္ဒပြခဲ့သည် ဟု ဆန္ဒပြခေါင်းဆောင်များထံမှသိရ သည်။


ယင်းစီမံကိန်းကို ဒေသခံများက နည်းမျိုးစုံဖြင့် ကန့်ကွက်နေသော်လည်း အစိုးရက စီမံကိန်း အကောင်အထည် ဖော်ရန် ပြည်ထောင်စုအဆင့်တွင် သဘောတူ လက်မှတ်ရေးထိုးလိုက်သည် ကို ပြန်ရုပ်သိမ်းပေးရန်ဆန္ဒပြခြင်းဖြစ်သည်ဟု ဆန္ဒပြခေါင်းဆောင်များက ပြော သည်။” ဆက်ပြီးတော့လဲ ကန့်ကွက် သွားမယ်၊  လုပ်စရာရှိတာကို ပြတ်ပြတ် သားသား လုပ်သွားမယ် ” ဟု ရေးမြို့ လူမှု အကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။
ရေးမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းနှင့် ပတ်သက်ပြီး တိုယိုထိုင်းကုမ္ပဏီနှင့် ပြည်ထောင်စုအဆင့် လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနတို့က ဧပြီလ ၉ ရက်နေ့တွင်ြဥဗ သဘောတူလက်မှတ် ရေးထိုးခဲ့ ကြသည်။

” အခုကြားတာကြဥဗ အဆင့်ဆို တော့လုပ်တော့မှာပေါ့။ ဒါ ကြားတာပဲရှိ တယ်။ ကျွန်တော်တို့ကို တရားဝင် အသိပေးတာမရှိဘူး၊ နေရာကလဲ အခု ဆန္ဒပြနေတဲ့နေရာပေါ့၊ ပြည်ထောင်စုက လုပ်တယ်ဆိုတော့ ပြဿနာဖြစ်လာရင်လဲ ပြည်ထောင်စုက ရှင်းပေါ့ ” ဟု မွန် ပြည်နယ် လျှပ်စစ်ဝန်ကြီး နိုင်လဝီအောင် က ပြောသည်။
သို့သော်လည်း ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရတွင် သာများစွာ တာဝန်ရှိသည်ဟု ကျောက်မီးသွေး စက်ရုံ စီမံကိန်းအကြောင်း လွှတ်တော် တွင် တင်ပြခဲ့သည့်ချောင်းဆုံ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဦးအောင်နိုင်ဦး ကပြောသည်။
ပြည်နယ်အစိုးရက သဘောမတူ သေး မပြင်ဆင်ရသေးဟု ပြောပြီး နောက် တစ်ရက်တွင်ပင် ပြည်ထောင်စုအဆင့်တွင် လက်မှတ်ရေးထိုးဖြစ်သည့် အတွက် ပြည်နယ်အစိုးရအနေဖြင့် အမှန်တကယ် သိမသိအပေါ် ဦးအောင်နိုင်ဦးက မေးခွန်း ထုတ်သည်။
” ကဲ အခုသိပြီ ပြည်နယ်အစိုးရ အဖွဲ့က ဘာဆက်လုပ်မလဲ ” ဟု ဦးအောင်နိုင်ဦး ကဆိုသည်။
အံဒင် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင်စတင် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး  ၄ နှစ်မှ ၆ နှစ်အတွင်း အပြီး တည်ဆောက် သွားရန် ပြည်ထောင်အစိုးရနှင့်ကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေးထိုးထား ကြသည်။
၁၂၈၀ မဂ္ဂါဝပ်ထုတ်မည့် ယင်း စီမံကိန်းကိုအမေရိကန် ဒေါ်လာသန်း ၂၈၀၀ အကုန်ကျခံတည်ဆောက်မည် ဖြစ်ပြီး အနှစ် ၃၀ စီမံကိန်းဖြစ်သည်။