ကံပေါက်ဂက်စ် လျှပ်စစ် မေလ နှောင်း စဖြန့်မည်ဟုဆို

0
900

ကံပေါက်ဂက်စ် လျှပ်စစ်ဓာတ် အားကို လာမည့် မေလ နောက်ဆုံး အပတ်တွင် စတင် ဖြန့်ဖြူးနိုင်မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာ ရုံးမှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ဓာတ်အား ဖြန့်ဖြူး ရန်အတွက် မြို့ချင်းဆက် ဓာတ်အား လိုင်းကွန်ရက်များနှင့် ထားဝယ် ဓာတ်အားခွဲရုံ တည်ဆောက် ပြီးစီး နေပြီဖြစ်ပြီး ကံပေါက် ဓာတ်အားခွဲရုံမှာ ၉၈ ရာနှုန်း ပြီးစီးနေပြီဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
kan-paunt-gas
” တစ်ယူနစ်ကို ကျပ် ၃၀၀နဲ့ မေလ နောက်ဆုံးအပတ်မှာ လျှပ်စစ်မီး စဖြန့် ဖြူးပေးမယ် ” ဟု ၎င်းဆိုသည်။
လက်ရှိအချိန်တွင် ထားဝယ် ဒေသအတွင်း နေ့အချိန် လျှပ်စစ်သုံးစွဲ ယူနစ် ၂ မဂ္ဂါဝပ်၊ ညအချိန်တွင် ၄.၅ မဂ္ဂါဝပ် ရှိသည်ဟု တိုင်းလျှပ်စစ်အင်ဂျင် နီယာရုံးထံမှ သိရသည်။
ကနဦးတွင် ၁ မဂ္ဂါဝပ်ရှိ ဂက်စ် အင်ဂျင်စက် ၆လုံးဖြင့် ဓာတ်အား ဖြန့်ဖြူးမည် ဖြစ်သည်။
လျှပ်စစ်ဓာတ်အား သုံးစွဲမှုများ လာပါက နိုင်ငံခြားသို့ ဂက်စ် အင်ဂျင် အသစ်များ ထပ်မံမှာ ယူမည်ဖြစ်ပြီး ကြားကာလတွင် ပုဂ္ဂလိက ဓာတ်အား ဖြန့်ဖြူးသူများက ဒီဇယ် မီးစက်များဖြင့် ကူမောင်းပေးရမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
ယင်းစီမံကိန်းမှ ပြီးခဲ့သည့် ဒီဇင် ဘာလကတည်းက လျှပ်စစ်ဖြန့်ဖြူး နိုင်မည်ဟု ကနဦး ကတိပေးထား သော်လည်း ကတိအတိုင်း မဖြန့်ဖြူး နိုင်ဘဲ ယခုနှစ်လယ်အထိ ရောက်ခဲ့ သည်။