လိပ်တွင် ခြင်းတပ် အလှူခံသည့် ကိစ္စ ဝေဖန်သံညံ

0
763
အလှူခံနေသည့်လိပ်နှစ်ကောင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ရန်နောင်စိုး

လိပ်၏ ကျောပေါ်တွင် ခြင်းတပ် ပြီး အလှူခံခြင်းသည်  တိရိစ္ဆာန်များကို ညှဉ်းပန်းရာရောက်သည်ဟု ဘုရားဖူး ဧည့်သည်တချို့၊ လူမှုရေးအဖွဲ့များနှင့် ဒေသခံများက ဝေဖန်လျက်ရှိသည်။


ထားဝယ်မြို့နယ်၊ စော်ဝကျေးရွာရှိ ဆုတောင်းပြည့် အရူးပျောက် ဘုရား (ပသျှူးကြောက် ဘုရား)တွင် လိပ် ၃ ကောင်၏ ကျောပေါ်တွင် ခြင်းတောင်း ကိုယ်စီတပ်ပြီး အလှူခံနေသည့် ကိစ္စ အား မလုပ်သင့်ဟု ၎င်းတို့က ထောက် ပြသည်။
မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ် သည်ဖြစ်စေ ဘုရားအတွက် ဖြစ်ပါက ယင်းသို့ အလှူမခံဘဲ အခြား နည်းလမ်း များဖြင့် အလှူခံသင့်သည်ဟု ၎င်းတို့က ပြောဆိုသည်။

အလှူခံနေသည့်လိပ်နှစ်ကောင်ကိုတွေ့ရစဉ်။ဓာတ်ပုံ - ရန်နောင်စိုး
အလှူခံနေသည့်လိပ်နှစ်ကောင်ကိုတွေ့ရစဉ်။ ဓာတ်ပုံ – ရန်နောင်စိုး

” ဒီလိုမျိုး တခါမှ ထားဝယ်မှာ မမြင်ဖူးဘူး၊ တိရစ္ဆာန်ကို သုံးပြီး အလှူ မခံသင့်ဘူး ” ဟု ထားဝယ် လူငယ် မိတ်သဟာရ အဖွဲ့ မှ ကိုဘိုဘိုအောင် က မှတ်ချက်ပြုသည်။
အရူးပျောက်ဘုရား ပြုပြင် ထိန်း သိမ်းရေးအတွက် အလှူခံပုံး၊ အလှူခံ ဖြတ်ပိုင်းတို့ဖြင့် အလှူခံခြင်း တို့အပြင် ဘုရားသမိုင်း စာအုပ်၊ ဘုရားပုံတော် တို့ကို ရောင်းချကာ အလှူခံ ပြီးနောက် သင်္ကြန်မတိုင်မီ လိပ်ဖြင့် စတင် အလှူခံ ခဲ့သည်ဟု ဂေါပကအဖွဲ့ထံမှ သိရသည်။
ယင်းလိပ်များက ဘုရားသိမ် အတွင်း သွားလာနေသည်ကို ဘုရားဖူး ဧည့်သည် များက တွေ့ပြီး အစာကျွေး လိုသူများက အစာကျွေးနိုင်ရန်၊ ဘုရားပြုပြင် ထိန်းသိမ်း ရေးအတွက် အလှူငွေထည့်ဝင်လိုသူ များက ထည့်ဝင်နိုင်ရန် လိပ်ဖြင့် အလှူခံရခြင်း ဖြစ်ကြောင်း အရူးပျောက် ဘုရား ဂေါပကအဖွဲ့ ဥက္ကဌ သစ်ဆိမ့်ပင် ကျောင်းတိုက် ဆရာတော် ဦးရေ၀တက မိန့်ကြားသည်။
ယင်းသို့ လိပ်ကိုအသုံးပြု အလှူခံ ခြင်းသည် တိရစ္ဆာန်များကို ညှဉ်းပန်း နှိပ်စက်ရာရောက်သည်ဟု လူမှုရေး ကွက်ရက် စာမျက်နှာပေါ်တွင် ဘုရားဖူး ဧည့်သည်တစ်ဦးက ရေးသားရာမှတဆင့် သတင်း ပျံနှံသွားခဲ့ပြီး အထက်ပါ    အတိုင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
==တိရစ္ဆာန်ကို ညှဉ်းပန်းနှိပ် စက် တယ်လို့ ယူဆရရင် မနက်ဖြန်( မေလ ၂ ရက်နေ့) တောထဲ သွားလွှတ်မယ်++ ဟု ဆရာတော် ဦးရေ၀တက မိန့်ကြား သည်။
ယင်းလိပ်များကို ထိန်းသိမ်းစောင့် ရှောက်လျက်ရှိသော အရူးပျောက်ဘုရား လုံခြုံရေး ဝန်ထမ်းကို ချက်ချင်း ခေါ်၍ တောအတွင်းသို့ လွှတ်ပေးရန် မေလ ၁ ရက်နေ့ ညနေတွင်  ဆရာတော် မိန့်ကြားသည်။
အရူးပျောက်ဘုရားသည် ထားဝယ် ဒေသရှိ ရှင်ကိုးရှင်ဘုရားများ၌ ပါဝင် သော ရှင်မုတ္တွီးဘုရားအနီး၌ ကောဇာ သက္ကရာဇ် ၇၈၀ ခုနှစ် နယုန်လဆန်း ၈ရက်နေ့တွင် စော်ဝကျေးရွာ၌ တည် ထား ပူဇော်ခဲ့ပြီး ဥာဏ်တော်အမြင့် ၂၈ ပေမျှရှိကာ ထင်ရှားသည့် ဗုဒ္ဓ ရုပ်ပွား ဆင်းတုတော်တစ်ဆူလည်း ဖြစ် သည်ဟု ဘုရားသမိုင်းမှတ်တမ်းများ အရ သိရသည်။