မီးဘေးသင့်သူများကို မိုးမဝင်မီ အိမ်ဆောက်ပေးမည်

0
663
ဓါတ်ပုံ -အောင်သူ

ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မီး လောင်မှုမှ မီးဘေးသင့်သူများကို မိုးမဝင်မီ အိမ်ဆောက်ပေးမည်ဟု တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုမှ ပြောသည်။


မေလ ၁ ရက်နေ့ ထားဝယ်မြို့ အ.ထ.က ၃ တွင် ပြုလုပ်သည့် မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ ပစ္စည်း ပေးအပ်ပွဲတွင် ယင်းသို့ ပြောကြားခဲ့ ခြင်း ဖြစ်သည်။

ဓါတ်ပုံ -အောင်သူ
ဓါတ်ပုံ -အောင်သူ

တိုင်းအစိုးရ ရန်ပုံငွေဖြင့် ပြန် တည်ဆောက်ပေးမည်ဖြစ်ပြီး အရှေ့ မျက်နှာစာ ၁၅ ပေနှင့် အနောက်ဘက်ကို ၂၈ ပေ၊ အုတ်စီ မီးဖိုခန်း အပါအဝင် သွပ်မိုးပျဉ်ကာ တစ်ထပ်အိမ်ကို တည် ဆောက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီး ချူပ်က ပြောသည်။
ကောက်ယူထားသည့် စာရင်းအရ မီးဘေးသင့် အိမ်ခြေ ၆၇ လုံးအနက်မှ  ပြန်လည် တည်ဆောက်ရန် အခက်အခဲ ရှိသည့် နေအိမ် ၃၆ လုံးရှိကြောင်း ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။
၎င်းတို့ကို တိုင်းအစိုးရက တည် ဆောက်ပေးမည်ဖြစ်ပြီး အိမ်တစ်ဆောင် ဆောက်လုပ်ရန် ကျပ်သိန်း ၃၀ မှ ၄၀ ကြား ကုန်ကျမည်ကြောင်း သိရ သည်။
” မိမိ ကိုယ်တိုင် ဆောက်လုပ်မယ် ဆိုရင် သွပ်တွေ၊ သစ်တွေ ထောက်ပံ့ ပေးမယ် ” ဟု ဝန်ကြီးချူပ်က ဆိုသည်။
စာသင်ကျောင်း ပြန်ဆောက်ရန် အတွက် အခြေခံပညာဦးစီးဌာနနှင့် ညှိ နှိုင်းဆဲဖြစ်ပြီး သုံးထပ် သံကူ ကွန်ကရစ် ဆောက်ရန် အကြံပြု ထားသည်ဟု သိရသည်။
မြေယာပိုင်ဆိုင်မှုကို ယခင်နေရာ အတိုင်းရရှိအောင် စီစဉ်ပေးမည်ဖြစ် သော်လည်း အချို့နေရာများတွင် လမ်း ချဲ့ရန်အတွက် ပိုင်ရှင်နှင့် ညှိနှိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ သည်။
ဧပြီလ ၃၀ ရက်နေ့က မီးလောင်မှု ဖြစ်ပွားစဉ် တချို့လမ်းများ ကျဉ်းမြောင်း နေ၍ မီးသတ်ကားနှင့် ရေကားများ ဝင်ရောက်ရန် အခက်အခဲရှိခဲ့သည်။