မောင်မယ်ရှောင်တွင် ရေတွင်းတူးရာမှ ရှေးဟောင်း အိုး ၂ လုံးတွေ့

0
906

ထားဝယ်မြို့နယ် မောင်မယ်ရှောင် ကျေးရွာ၊ ၆ ရပ်ကွက်ရှိ နေအိမ် မြေပြိုကျလျက်ရှိသည့် ရေတွင်းအား ဧပြီလ ၂၈ ရက်နေ့က တူးဖော်ရာ ရှေးဟောင်း အိုး ၂ လုံး တူးဖော်ရရှိ ခဲ့ကြောင်း ရေတွင်းပိုင်ရှင် ဒေါ်စန်းတင် က ပြောသည်။


ရေတွင်းထဲရှိ မြေစာများကို ဖယ် ရှားတူးဖော်ရာမှ ၁၂ ပေခွဲခန့် အနက် တွင် ယင်းရှေးဟောင်းအိုး ၂ လုံး၊ အုတ်ချပ်များနှင့် အိုးအပိုင်းအစ များကို တွေ့ရသည်ဟု ဒေါ်စန်းတင်က ပြော သည်။
” အိုးတွေ ပေါ်လာပြီး စိတ်ပူလာလို့ ဆက်မတူး ရဲတော့ဘူး ” ဟု ဒေါ်စန်းတင် က ဆိုသည်။
အဆိုပါ ရေတွင်းကို မိုးရာသီ မတိုင်မီ ဘိလပ်ကွင်းချရမည်ဖြစ်ပြီး ယခုအချိန်တွင်  သုတေသနပြု လုပ်လို သူများမှ ဆက်လက် သုတေသနပြု ခြင်းများကို လုပ်ဆောင်နိုင်ရန် ဆက်မ တူးဘဲ ရပ်ထားမည်ဟု မိသားစုဝင်များ ထံမှ သိရသည်။