ဇဟာတွင် ဘုရားဖူးကားတစ်စီးမှောက်

ရန်ကုန်မြို့မှ ဘုရားဖူးလာသည့် အန်စာတုံးကားတစ်စီးသည် အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က ထားဝယ်မြို့မရောက်မီ ငါးမိုင်ခန့်အလိုတွင် တိမ်းမှောက်ခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်

ထားဝယ်အမျိုးသားနေ့ လှေပြိုင်ပွဲ၊ ဈေးရောင်းပွဲ ကျင်းပမည်

ထားဝယ်အမျိုးသားနေ့ အလံတင်အခမ်းအနားအပြင်လှေပြိုင်ပွဲနှင့် ဈေး ရောင်းပွဲတော်တို့ပါ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ထားဝယ်လူမျိုးစုစည်းမှုကော်မတီထံမှ သိရသည်။ မြန်မာသက္ကရာဇ်ဖြင့် နတ်တော်လဆန်း ၁ ရက်နေ့ကို ထားဝယ်အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပြီး ယခုနှစ်တွင် ခရစ်သက္ကရာဇ်...

ငါးမန်း၊ ငါးလိပ်ကျောက်ထိန်းသိမ်းရေး စီမံချက်ရေးဆွဲ

ပင်လယ်ပြင်တွင် ငါးမန်းနှင့် ငါးလိပ်ကျောက် ထိန်းသိမ်းရေးလုပ်ဆောင်ရန် စီမံချက်မူကြမ်းကို ရေးဆွဲထားပြီးဖြစ် ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်က ပြောသည်။ ငါးမန်းနှင့် ငါးလိပ်ကျောက်များ ထိန်းသိမ်းရေး စီမံချက်မူကြမ်းကို ပင်လယ် နှင့် ထိစပ်နေသည့် တိုင်းနှင့် ပြည်နယ် များသို့ သွားရောက်ကာ ရှင်းလင်းနေကြောင်း...

ငါးမဖမ်းရကာလ ထားဝယ်ဈေးကွက် သို့ ထိုင်းငါး ၀င်ရောက်

ငါးမဖမ်းရကာလသတ်မှတ်ထားသည့် အချိန်တွင် အိမ်နီးချင်းထိုင်းနိုင်ငံမှ ငါးများ ထီးခီးနယ်စပ်ဂိတ်မှတစ်ဆင့် ထားဝယ်ဈေး ကွက်အတွင်း ၀င်ရောက်ရောင်းချခြင်းများရှိနေကြောင်း ထားဝယ်မြို့ ကမ်းနားဈေး ရှိ ငါးဒိုင်အချို့ထံမှ သိရသည်။ ယခုနှစ် ငါးမဖမ်းရကာလကို ငါးသားပေါက်ရာသီဖြစ်သည့် ဇွန်လမှ သြဂုတ်လအထိ သုံးလ သတ်မှတ်ထားပြီး ယင်း ကာလအတွင်း ကမ်းဝေးငါးဖမ်းလှေများကို ငါးဖမ်းခွင့်...

မီးရထားသံလမ်းနှင့် ဇလီဖားတုံးကို တွဲရိုက်ထားသည့် သံကလစ်များ ခိုးခံရ

ရေး-ထားဝယ်လမ်းပိုင်း ရေဖြူမြို့ နယ်အတွင်း မီးရထားသံလမ်းနှင့် ဇလီ ဖားတုံးကို တွဲရိုက်ထားသည့် သံကလစ်များ ခိုးယူခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရေဖြူမြို့နယ်အပိုင်ရှိ သက်ကယ် ကွက်ဘူတာနှင့် ရေဖြူဘူတာကြားတွင် သံလမ်းနှင့် ဇလီဖားတုံးကို တွဲရိုက်ထား...

မောင်းမကန်ကမ်းခြေတွင် ပင်လယ်ကဗွီးပင်များ စိုက်ပျိုးမည်

လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေတွင် ပင်လယ်ကဗွီးပင်များကို သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီတစ်ခု တို့  စုပေါင်းကာ စိုက်ပျိုးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ မိုးကြိုးထိမှန် သေဆုံးနေသည့် ပင်လယ်ကဗွီးပင်များရှိရာ မောင်းမကန်ကမ်းခြေ အလယ်ပိုင်းတွင် သစ်တော ဦးစီးဌာန အပါအဝင် ဌာနသုံးခုပူးပေါင်းကာ စိုက်ပျိုးမည်ဖြစ်ပြီး ကမ်းခြေ အစွန်းပိုင်း...

ထားဝယ်မြို့ ဘုရားကြီးဝင်းအတွင်း တစ်ညတည်း အလှူခံပုံးသုံးလုံး ဖောက်ခံရ

ထားဝယ်မြို့ရှိ ဘုရားကြီးဝင်း အတွင်း ပြီးခဲ့သည့် မေလ ၂၇ ရက် ညက အလှူခံပုံး သုံးလုံး ဖောက်ခံခဲ့ရကြောင်း ဘုရားကြီးဂေါပက အဖွဲ့ထံမှ သိရသည်။ ဘုရားကြီးဝင်းအတွင်းရှိ ပရမတ္ထဘုရားသိမ်တွင် အလှူခံပုံးနှစ်ပုံးနှင့် အင်ကြင်း ပင် ဘုရားရင်ပြင်ရှိ အလှူခံပုံးတစ်လုံး ဖောက်ခံခဲ့ရခြင်းဖြစ်သည်။ ပရမတ္ထဘုရားသိမ်တွင် သော့ခတ်ထားသည့်...

ထွေအုပ်ဝန်ထမ်းနေရာ လေးဆယ်ကျော် အလုပ်ခေါ်

တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လစ်လပ်နေရာ လေးဆယ်ကျော်အတွက် ၀န်ထမ်း ခေါ်ယူထားကြောင်း တိုင်းထွေအုပ်ရုံးထံမှ သိရသည်။ တိုင်းထွေအုပ်တွင် လစ်လပ်နေသည့် အငယ်တန်းစာရေး ၁၀ ဦး၊ ဒုလက် ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ၂ ဦး၊ စာတွဲထိန်း ၂ ဦး၊ ရုံးအကူ ၂၆...

ကမြောကင်းထုတ် လျှပ်စစ်မီးဖို

မီးသွေး၊ ထင်းသုံးစွဲမှုကို လျှော့ကျ စရန် လောင်းလုံးမြို့နယ်၊ ကမြောကင်း ကျေးရွာမှ လျှပ်စစ်မီးဖိုတစ်မျိုး ထုတ် လုပ်လျက် ရှိသည်။ သဲ၊ ဘိလပ်မြေ၊ ဖိုင်ဘာ၊ ကြွေပြား၊ မီးခံ၊ စတီး၊ စပရိန်ကြိုး (ကွိုင်) စသည့် ပစ္စည်းများကို အသုံးပြုကာ လျှပ်စစ်မီးဖို အဖြစ်...

ထားဝယ်မြစ်အတွင်း မျောလာသည့် သစ်မြစ်ဆုံများကို ပန်းပုရုပ်ထု

ထားဝယ်မြစ်အတွင်း မျောပါလာသည့် သစ်မြစ်ဆုံများကို တိရိစ္ဆာန်ရုပ်ထု ပန်းပုထုနေလုပ်ကြောင်း ကြက်စားပြင် ရပ်ကွက်ရှိ ပန်းပုဆရာထံမှ သိရသည်။ လက်ရှိတွင် လုပ်ငန်းရှင်တစ်ဦးက မှာယူထားသည့်အတွက် အမြင့် ငါးပေ၊ အနံ ခြောက်ပေခန့်ရှိ သစ်မြစ်ဆုံတစ်ခုတွင် တိရိစ္ဆာန်အချို့၏ ရုပ်လုံးများကို ထုလုပ်နေကြောင်း ပန်းပုဆရာဖြစ်သူ ဦးမြတ်သူ က...