ပြည်သူ့ဝန်ဆောင်မှုလုပ်ထုံးလုပ်နည်း မလိုက်နာသည့်ဝန်ထမ်းများကိုအရေးယူမည်

ဌာနဆိုင်ရာလုပ်ငန်းများစနစ် တကျဆောင်ရွက်ရမည့်လုပ်ထုံးလုပ် နည်းများ (SOP) စာအုပ်ပါလုပ်ထုံးလုပ် နည်းများကိုမလိုက်နာသည့်ဝန်ထမ်းများ ကိုအရေးယူစေမည်ဟု တနင်္သာရီတိုင်း ဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောကြားသည်။ ထားဝယ်မြို့၌ ဇန်နဝါရီလ ၃၁ရက် နေ့တွင် ကျင်းပသည့်တိုင်းလွှတ်တော် အစည်း အဝေးတွင်ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဘောလုံး အကယ်ဒမီ၏ လူငယ်မျိုးဆက်သစ် ရှာဖွေရေး ထားဝယ် မြိတ် ခရီးစဉ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးအကယ်ဒမီများအတွက် ၁၁ နှစ် နှင့် ၁၂ နှစ်အောက် လူငယ်မျိုးဆက်သစ် ကစားသမားများ ရှာဖွေရန် ထားဝယ်နှင့် မြိတ်မြို့တွင် ယခုလအတွင်း လာရောက်ရွေးချယ်မည်ဖြစ်သည်။ ထားဝယ်မြို့တွင် မတ်လ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင်လည်းကောင်း၊ မြိတ်မြို့တွင် မတ်လ ၂၄ ရက်နေ့နှင့် ၂၅...

ဈေးများတွင် တိုင်နိုင်မည်

ထားဝယ်ဒေသရှိ ဈေးအချို့တွင် စားသုံးသူနှင့် ပတ်သက်သည့် မကျေနပ် ချက်များကို တိုင်ကြားနိုင်သည့် စာတိုက် ပုံးများကို ထားပေးရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စားသုံးသူ ရေးရာဦးစီးဌာနထံမှ သိရသည်။ စားသုံးသူနှင့် ပတ်သက်သည့် မကျေနပ်ချက်များကို ရုံးတွင် တိုင်ကြား သည့်ဓလေ့မရှိကြသည့်အတွက် တိုင် ကြားနိုင်သည့် စာတိုက်ပုံးများထားရှိရန် စီစဉ်ရခြင်းဖြစ်ကြောင်း...

ဘိလပ်မြေတင်သွင်းမှု လစဉ်တိုး

ထားဝယ်ဒေသတွင် ဆောက်လုပ် ရေးလုပ်ငန်းများ တိုးမြင့်လာသည့်အတွက် ဘိလပ်မြေ တင်သွင်းမှု လစဉ် တိုးမြင့် လာခဲ့ကြောင်း ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဩဂုတ် လက ဘိလပ်မြေ အိတ် ၇၆၀၀၀ ခန့်သာ တင်သွင်းနေရာမှ လစဉ်တိုးမြင့်လာပြီး ဒီဇင်ဘာလတွင် ၁၉၂၀၀၀...

ကျွန်းခရီးစဉ် လှေတစ်စီးလုံး ကြိုငှားသူများလာ

လာမည့် အောက်တိုဘာလတွင် စတင်မည့် မြိတ်ကျွန်းစု အလည်အပတ် ခရီးစဉ်များအတွက် တစ်ဦးချင်းလက် မှတ်ဝယ်သူ မရှိသေးဘဲ လှေတစ်စီးလုံး ကြိုငှားသူများသာရှိကြောင်း ခရီးသွား လုပ်ငန်း ကုမ္ပဏီအသိုင်းအဝိုင်းထံမှ သိ ရသည်။ ကျွန်းခရီးစဉ်များအတွက် တစ်ဦး ချင်းသွားရောက်ရန် ဖုန်းဖြင့် မေးမြန်းသူ များသာရှိနေပြီး လှေစီးလုံးငှားထားသူ သုံးဦးခန့်ရှိနေပြီဖြစ်ကြောင်း နြမါကင...

ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်

ထိုင်းနယ်စပ်သို့ ချိတ်ဆက်ထား သော ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ပကာရီကျေးရွာအုပ်စုနှင့် ၀ကုန်းကျေးရွာ အုပ်စုကြား တစ်နေရာတွင် ခရီးသည် တင်ကား တစ်စီးတိမ်း မှောက်ခဲ့ပြီး လူ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။ ထားဝယ်ထီးခီးလမ်းပိုင်းရှိ ဘဲ့မ တတ်တောင်ကုန်း မိုင်တိုင်အမှတ် ၁၉/ ၃ မိုင်နှင့်...

ပုဂ္ဂလိက မီတာထိန်းသိမ်းခကောက်ခံရန် ညွှန်ကြားချက်မရှိ

ပုဂ္ဂလိက မီးလင်းရေးကော်မတီများ တပ်ဆင်အသုံးပြုလျက်ရှိသော ပုဂ္ဂလိက မီတာများအား မီတာဝန်ဆောင်ခ (မီတာထိန်း သိမ်းစောင့်ရှောက်ခ) ကောက်ခံရန် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားထားခြင်းမရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးက ပြောသည်။ ထားဝယ်ခရိုင်၊ ကံပေါက်ကျေးရွာ မီးလင်းရေး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှပုဂ္ဂလိကမီတာများအား မီတာထိန်းသိမ်းခကျပ် ၅၀၀ ကောက်ခံလျက်ရှိ သည်နှင့်ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း...

တနင်္သာရီတိုင်းတွင် ခရီးသွားဇုန်ကြေး စမ်းသပ်ကောက်ခံ

တနင်္သာရီတိုင်းပင်လယ်ပြင်ရှိ ကျွန်းများသို့ နေ့ချင်းပြန်သွားရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသွားတစ်ဦးလျှင် ဇုန်ဝင်ကြေး ကျပ်ငါးထောင်နှုန်းကို ဇန်န၀ါရီလ ၂၀ ရက်မှ စတင်ကာ စမ်းသပ်ကောက်ခံခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ဟိုတယ်/ခရီး)ရုံးမှ တာဝန်ရှိသူက ပြောသည်။ တနင်္သာရီတိုင်းအတွင်း ယင်းသို့ဇုန် ၀င်ကြေးကောက်ခံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ထားဝယ်တွင် တရားမဝင်လက်နက်များ အပ်နှံရန် ညွှန်ကြားချက်ထုတ်ပြန်

ခရိုင်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူများ တရားမဝင် လက်နက်များ ကိုင်ဆောင် အသုံးပြုနေပါက အပ်နှံကြရန် နိုဝင်ဘာလ ၄ ရက်က သက်ဆိုင်ရာ ရပ်^ကျေး အုပ်ချုပ်ရေးမှူး များအဆင့်ထိ ညွှန်ကြားလိုက်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ ဘူး ထောင့်ကမ်းခြေတွင် ဖြစ်ပွားခဲ့သည့် သစ်ခိုးထုတ်မှု၊...