ထားဝယ်မြို့ ဘုရားကြီးဝင်းအတွင်း တစ်ညတည်း အလှူခံပုံးသုံးလုံး ဖောက်ခံရ

0
5440

ထားဝယ်မြို့ရှိ ဘုရားကြီးဝင်း အတွင်း ပြီးခဲ့သည့် မေလ ၂၇ ရက် ညက အလှူခံပုံး သုံးလုံး ဖောက်ခံခဲ့ရကြောင်း ဘုရားကြီးဂေါပက အဖွဲ့ထံမှ သိရသည်။ ဘုရားကြီးဝင်းအတွင်းရှိ ပရမတ္ထဘုရားသိမ်တွင် အလှူခံပုံးနှစ်ပုံးနှင့် အင်ကြင်း ပင် ဘုရားရင်ပြင်ရှိ အလှူခံပုံးတစ်လုံး ဖောက်ခံခဲ့ရခြင်းဖြစ်သည်။
ပရမတ္ထဘုရားသိမ်တွင် သော့ခတ်ထားသည့် သံဘာဂျာတံခါးပတ္တာအား ဖျက်ဆီး ပြီး အတွင်းရှိ အလှူခံပုံးနှစ်ပုံးအနက် တစ်ပုံးကို မှန်ပုံးပတ္တာအားဖျက်ကာ အလှူခံပုံး အတွင်းရှိ အလှူငွေ နှစ်သောင်းကျပ်ခန့်နှင့် နောက်တစ်ပုံး အား ဘုရားသိမ်အပြင်သို့ ယူဆောင်ကာ မှန်ရိုက်ခွဲ၍ အတွင်းရှိ အလှူငွေ နှစ်သောင်းကျပ်ခန့် ခိုးယူသွားခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
donation_cup_phayargyi

ထို့အပြင် ဘုရားကြီးဝင်း အတွင်းရှိ အင်ကြင်းပင်ဘုရားရင်ပြင်ရှိ စတီးအလှူခံပုံး အား ရိုက်ဖျက်၍ အလှူငွေတစ်သောင်းကျပ်ခန့်အား ခိုးယူခဲ့ကြောင်း ရဲစခန်းမှတ် တမ်းအရ သိရသည်။

“မှန်ပုံးတွေက အလွယ်တကူဖောက်နိုင်တော့ ပိုမိုလုံခြုံတဲ့ မီးခံသေတ္တာတွေနဲ့ တဖြည်းဖြည်းချင်း အစား ထိုးသွားဖို့ရှိတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိချိန်တွင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား လုံခြုံရေးချထားပေးလျက် ရှိပြီး ဘုရားကြီးဝင်/ ထွက်ဂိတ်များတွင် လုံခြုံရေးကင်မရာတိုးချဲ့တပ်ဆင်ခြင်းနှင့် ဘုရား ကြီး လုံခြုံရေးဝန်ထမ်းများကို တိုးချဲ့ချထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။အလှူခံပုံးများ ဖောက်ခံခဲ့ရသည့် နေရာများသည် လုံခြုံရေးကင်မရာ တပ် ဆင်ထားခြင်း မရှိသေးသည့်နေရာများဖြစ်သည့်အတွက် မည်သည့်အချိန်တွင် ခိုးယူ သွားခဲ့ခြင်း မသိကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

အလှူခံပုံးများ ဖောက်ထွင်းခိုးယူသွားခဲ့သည့် ယင်းအမှုအား စုံစမ်းနေဆဲဖြစ် ကြောင်း ထားဝယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ဘုရားကြီးဝင်းအတွင်း အလှူခံပုံးဖောက်ကာ ငွေခိုးယူမှုမှာ ယခုတစ်ကြိမ် အပါအဝင် သုံးကြိမ်ခန့်ရှိပြီဖြစ်ကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ရုံးမှ သိရသည်။

နောက်ဆက်တွဲ သတင်း –

ဘုရားအလှူခံပုံးဖောက်မှု သံသယရှိသူ ဆယ်ကျော်သက်လေးဦး ဖမ်းမိ