ထားဝယ်မြစ်အတွင်း မျောလာသည့် သစ်မြစ်ဆုံများကို ပန်းပုရုပ်ထု

0
2290

ထားဝယ်မြစ်အတွင်း မျောပါလာသည့် သစ်မြစ်ဆုံများကို တိရိစ္ဆာန်ရုပ်ထု ပန်းပုထုနေလုပ်ကြောင်း ကြက်စားပြင် ရပ်ကွက်ရှိ ပန်းပုဆရာထံမှ သိရသည်။

လက်ရှိတွင် လုပ်ငန်းရှင်တစ်ဦးက မှာယူထားသည့်အတွက် အမြင့် ငါးပေ၊ အနံ ခြောက်ပေခန့်ရှိ သစ်မြစ်ဆုံတစ်ခုတွင် တိရိစ္ဆာန်အချို့၏ ရုပ်လုံးများကို ထုလုပ်နေကြောင်း ပန်းပုဆရာဖြစ်သူ ဦးမြတ်သူ က ဆိုသည်။

အဆိုပါသစ်မြစ်ဆုံတွင် ရွှေငါး ၉ ကောင်၊ ရှဥ့် ၃ ကောင်၊ ဥသြငှက် ၂ ကောင်၊ ဒေါင်း ၁ ကောင်၊ ဆင် ၁ ကောင်၊ လိပ် ၁ ကောင် နှင့် နဂါး  ၁ ကောင်၏ ရုပ်လုံးများကို ထွင်းထုထားပြီး ပန်းပုဆရာ နှစ်ဦးဖြင့် အချိန်တစ်လကြာ ထုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ယခင်ကလည်း ထားဝယ်မြစ်အတွင်း မျောပါလာသည့်သစ်မြစ်ဆုံများနှင့်  လမ်းဘေးတွင် စွန့်ပစ်ထားသည့် သစ်မြစ်ဆုံ လေးခုခန့်ကို ထုလုပ်ခဲ့ကြောင်း ဦးမြတ်သူ က ဆိုသည်။

“အမှိုက်ထဲကနေ ရွှေဖြစ်သွားတဲ့ သဘောပေါ့”ဟု ၎င်းက ပြောသည်။

သစ်မြစ်ဆုံကို တိရိစ္ဆာန်ရုပ်လုံးများ ထုလုပ်ပါက အရွယ်အစားနှင့် ဒီဇိုင်း အပေါ်မူတည်ကာ ထုလုပ်ခ တစ်သိန်းခွဲမှ ဆယ့်ခြောက်သိန်းအထိကျသင့်ကြောင်း ပန်းပုဆရာထံမှ သိရသည်။

ကိုဇော်