မီးရထားသံလမ်းနှင့် ဇလီဖားတုံးကို တွဲရိုက်ထားသည့် သံကလစ်များ ခိုးခံရ

0
1406

ရေး-ထားဝယ်လမ်းပိုင်း ရေဖြူမြို့ နယ်အတွင်း မီးရထားသံလမ်းနှင့် ဇလီ ဖားတုံးကို တွဲရိုက်ထားသည့် သံကလစ်များ ခိုးယူခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရေဖြူမြို့နယ်အပိုင်ရှိ သက်ကယ် ကွက်ဘူတာနှင့် ရေဖြူဘူတာကြားတွင် သံလမ်းနှင့် ဇလီဖားတုံးကို တွဲရိုက်ထား သည့် အရှည်လေးလက်မ ခြောက်မူးလုံးအရွယ် သံကလစ် ၁၆၇၈ ခု ပျောက်ဆုံးခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါလမ်းပိုင်းတွင် လမ်းဗိုလ် ကြီးတာဝန်ထမ်းဆောင်နေသူက နိုဝင်ဘာ လ ၈ ရက်တွင် မီးရထားသံလမ်းများကို သွားရောက်စစ်ဆေးရာမှ ယင်းကဲ့သို့ ပျောက်ဆုံးနေသည်ကို သိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ခိုးယူခံရသည့် သံကလစ်များ၏ တန်ဖိုးမှာ မြန်မာ့မီးရထားဌာန ပေါက်ဈေးအရ ကလစ်တစ်ခုလျှင် ငွေကျပ် ခြောက်ရာကျော် တန်ဖိုးရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မီးရထားသံလမ်းရှိ သံကလစ်များ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ နိုဝင်ဘာလ ၉ ရက်တွင် ရဲစခန်းတွင် လာရောက် တိုင်ကြား သဖြင့် ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၆(၁)ဖြင့် ရေဖြူမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ရန် စုံစမ်းနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

Dawei Watch