ကျောက်ဆင်ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး အောက်တိုဘာလ ၁၁ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အသက်လေးဆယ်ဝန်းကျင်အရွယ် ဦးရီဦး ဆိုသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်မြစ် ရေလယ်ကျွန်းပေါ် မတက်ရန် တားမြစ်၊ ဓနိသကြားချက်သူများ အခက်တွေ့

ထားဝယ်မြစ် ရေလယ်ကျွန်းများပေါ် မတက်ရန် တားမြစ်ထားခြင်းကြောင့် ဓနိသကြားချက်သူများ မိသားစုဝင်ငွေထိခိုက်ကာ အခက်တွေ့လာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများက ညည်းတွားနေကြသည်။ အဆိုပါ မြစ်လယ်ကျွန်းများတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်မှာ ၃၀ ရက်နေ့အထိ ထားဝယ်အခြေစိုက် အမြောက်တပ်မှ...

ထားဝယ်ဆိပ်ကမ်းသာလမ်း၌ ရေကူးကန်ဆောက်မည်

လာမည့် ဘဏ္ဍာနှစ်တွင် ထားဝယ်မြို့ ဆိပ်ကမ်းသာလမ်းနံဘေးတွင် ပြိုင်ပွဲလုပ်နိုင်သည့် ဒိုင်ဗင်ရေကူးကန်နှင့် ရိုးရိုးရေကူးကန်ကြီး တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနထံက သိရသည်။ အလျား မီတာ ၅၀၊ အနံ ၂၅ မီတာခန့်ရှိ လူဆယ်ယောက်ခန့်တစ်ပြိုင်တည်း...

ထားဝယ်လျှပ်စစ် တစ်ယူနစ် ၁၃ ကျပ်ဈေးတက်၊ ဈေးထပ်တိုးရန် တင်ပြထား ဟုဆို

ထားဝယ်ခရိုင်အတွင်း သြဂုတ်လအတွက်သုံးစွဲခဲ့သည့် လျှပ်စစ်တစ်ယူနစ်လျှင် ၁၃ ကျပ် ဈေးတက်သွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွက် သုံးစွဲခဲ့သည့် တစ်ယူနစ်ဈေးနှုန်းကို ၂၃၅ ကျပ် ကောက်ခံနေရာမှ သြဂုတ်လအတွင်း သုံးစွဲယူနစ်ဈေးနှုန်းကို ၂၄၈ ကျပ် သတ်မှတ်ကောက်ခံခဲ့ခြင်းဖြစ်သည်။

ကုန်ဈေးနှုန်းကြောင့် ထားဝယ်မုန့်လက်သုပ်ဈေးတက်

ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းတက်နေသည့်အတွက် ဒေသခံများ နှစ်ခြိုက်စွာ စားသုံးလေ့ရှိသည့် ထားဝယ် မုန့်လက်သုပ်လည်း ဈေးတက်သွားခဲ့သည်။ ယခင်က မုန့်လက်သုပ်တစ်ပွဲလျှင် ပျမ်းမျှ ၃၀၀ ကျပ်သာ ရှိရာမှ ကုန်ဈေးနှုန်းတက်ပြီး အခုရက်ပိုင်းအတွင်း ၄၀၀ ကျပ်ဖြစ်သွားကြောင်း မုန့်လက်သုပ်ရောင်းချသူအချို့ထံမှ...

စော်ဖျားရွာတွင် အမျိုးသမီးနှစ်ဦး အဖမ်းခံရ

သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် အောက်တိုဘာလ ၇ ရက် ‌နေ့လယ်ပိုင်းက အမျိုးသမီးနှစ်ဦး အဖမ်းခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဖမ်းခံရသူနှစ်ဦးမှာ အသက် ၂၈ နှစ်ဝန်းကျင်အရွယ် မအေးမာနှင့် မနီဆိုသူတို့ဖြစ်ကြောင်း‌ ဒေသခံများက ဆိုသည်။

တနင်္သာရီတိုင်းက လူရှစ်ထောင်ကျော်ကို မှတ်ပုံတင်အသစ်ထုတ်ပေး

ပန်းခင်းစီမံချက်အမည်ဖြင့် တနင်္သာရီတိုင်းအတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း တိုင်းကောင်စီ လူမှုရေးဝန်ကြီး ဦးယာဉ်ထွေး ကပြောသည်။ မေလ ၃ ရက်မှစပြီး အသက် ၁၆ နှစ်နှင့်အထက် ပြည့်သူတိုင်းအား မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးခဲ့ရာ အောက်တိုဘာလ ပထမအပတ်အထိ...

ဒေါ်ငြိမ်းမှ ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ငါးဖမ်းခွင့် နှစ်လပိတ်

ဧရာဝတီတိုင်းရှိ ဒေါ်ငြိမ်းကမ်းခြေမှ တနင်္သာရီတိုင်း ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ငါးဖမ်းခွင့်နှစ်လပိတ်ကာ ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။ သဘာဝဓာတ်ငွေ့နှင့် ရေနံတူးဖော်ရေးလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီက ကမ်းလွန်လုပ်ကွက် M3 ဒေါ်ငြိမ်းကမ်းခြေမှ M9...

ထားဝယ်အရှေ့တောဒေသ ကျန်းမာရေးအတွက် အခက်တွေ့

မေတ္တာမြို့အပါအဝင် ထားဝယ်အရှေ့တောဒေသနေသူများ ကျန်းမာရေးအတွက် အခက်တွေ့နေရကြောင်း ဒေသခံပရဟိတ အသင်းအချို့ထံမှ သိရသည်။ ထားဝယ်အရှေ့တောဒေသရှိ မေတ္တာမြို့တွင် ပြည်သူ့ဆေးရုံရှိသော်လည်း ဆရာဝန်နှင့်သူနာပြုမရှိသည့်အတွက် လူနာလက်မခံဖြစ်နေကြောင်း ယင်းအဖွဲ့များက ဆိုသည်။ ထိုကြောင့် ထားဝယ်အရှေ့တောနေ...

ထားဝယ်ရိုးရာသပိတ်မျောပွဲ မသေချာသေးသော်လည်း သပိတ်အိုးနှင့် ဆီမီးခွက်ဈေးတက်

ထားဝယ်ရိုးရာသပိတ်မျောပွဲတော်ကျင်းပရန် မသေချာသေးသော်လည်း သပိတ်အိုးနှင့် ဆီမီးခွက်ဈေးတွေတက်နေကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူအချို့ထံက သိရသည်။ ယခင်က သပိတ်အိုးတစ်လုံးလျှင် ဖောက်သည်ဈေး ၄၅၀ ကျပ်မှ ၅၀၀ ကျပ်ခန့်သာရှိပြီး လက်ရှိတွင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်အတွင်း ဖြစ်နေသည်ဟု...