စော်ဖျားရွာတွင် အမျိုးသမီးနှစ်ဦး အဖမ်းခံရ

0
221

သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် အောက်တိုဘာလ ၇ ရက် ‌နေ့လယ်ပိုင်းက အမျိုးသမီးနှစ်ဦး အဖမ်းခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဖမ်းခံရသူနှစ်ဦးမှာ အသက် ၂၈ နှစ်ဝန်းကျင်အရွယ် မအေးမာနှင့် မနီဆိုသူတို့ဖြစ်ကြောင်း‌ ဒေသခံများက ဆိုသည်။

“စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းသွားတာပါ။ ဘယ်ကိုခေါ်သွားတာလဲဆိုတာတော့ မသိရသေးဘူး။အခုထိတော့ ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် စော်ဖျားရွာရှိ သံဃာတော်နှစ်ပါးဖမ်းဆီးခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းကပြောသည်။

အောက်တိုဘာလ ၅ ရက်က‌ စော်ဖျားရွာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အမည်မသိ လူတစ်စုက သေနတ်နဲ့ လာရောက်ပစ်ခတ်ပြီးနောက် စစ်တပ်က ကျေးရွာအတွင်း လာရောက်တပ်စွဲထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။