ဒေါ်ငြိမ်းမှ ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ငါးဖမ်းခွင့် နှစ်လပိတ်

0
381
မြန်မာ့ရေပြင် ငါးဖမ်းကွက်ပြဇယား

ဧရာဝတီတိုင်းရှိ ဒေါ်ငြိမ်းကမ်းခြေမှ တနင်္သာရီတိုင်း ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ငါးဖမ်းခွင့်နှစ်လပိတ်ကာ ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့နှင့် ရေနံတူးဖော်ရေးလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီက ကမ်းလွန်လုပ်ကွက် M3 ဒေါ်ငြိမ်းကမ်းခြေမှ M9 ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လုပ်ငန်းများဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါရေကြောင်းသတိပေးထုတ်ပြန်ချက်အား စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

Nearshore geophysical site investigation (ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာမှု)နှင့် Survey for domestic gas to power project pipeline survey လုပ်ကိုင်ရာတွင် လုပ်ငန်းနှောင့်နှေးခြင်း မရှိစေရေးအတွက် ယင်းကဲ့သို့ တားမြစ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုကြောင့် အထက်ပါ လုပ်ကွက်များရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်တည်နေရာများမှ လေးကီလိုမီတာ ပတ်လည်အတွင်း ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မလုပ်ကြရန် ထုတ်ပြန်ထားသည်။

ထို့အပြင် ငါးဖမ်းလှေများအပြင် သင်္ဘောများ၊ စက်လှေများဖြတ်သန်းခြင်း ကျောက်ချခြင်းမလုပ်ကြရန် ဖော်ပြထားသည်။

ယင်းသို့ ကန့်သတ်ထားသည့် ပိုက်လိုင်းတစ်လျှောက်တွင် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထားသည့် ငါးဖမ်းကွက် ၅ ကွက်ခန့်ကို ဖြတ်သန်းသွားသည်။