ကျောင်းနားမလား၊ တက်မလား

ကိုဗစ်ကြောင့် ကျောင်းတစ်နှစ် နားလိုက်ရပြီး နောက်နှစ်မှာလည်း အာဏာသိမ်းမှုကြောင့် ကျောင်းသားမိဘ အများစုက သားသမီးများကို ကျောင်းမပို့ခဲ့ကြပေ။ ယခုပညာသင်နှစ်တွင်လည်း ကျောင်းသားမိဘတွေ ခေါင်းစားနေရပြန်သည်။ စစ်ကောင်စီက ဖွင့်လှစ်သည့် အခြေခံပညာကျောင်းတွင် ကျောင်းအပ်မည်လော၊ မအပ်ဘဲနေမည်လော ဟုပင်။ စစ်ကောင်စီကို...

အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကိုလည်း ကိုဗစ်အလွတ်မပေးပါ

ကိုဗစ်နိုင်တင်းကြောင့် တစ်နိုင်တစ်ပိုင်အိမ်တွင်း တံမြက်စည်းလုပ်ငန်းငယ်များ ဝင်ငွေထိုးကျနေသည်မှာ သုံးလခန့်ရှိနေပြီဖြစ်သည်။ အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကို မြိတ်တစ်ဖက်ကမ်း အိမ်ခြေငါးရာ နီးပါးခန့်ရှိသည့် ပထော်ကျေးရွာတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ပထော်ကျေးရွာနေထိုင်သူအချို့သည် ဥယျာဉ်ခြံမြေလုပ်ငန်းလုပ်ကိုင်ကြပြီး အများစုမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း...

အမှိုက်အသိပညာပေး ဇာတ်လမ်းတို ရုပ်ရှင်ရုံတွင်ပြ

စွန့်ပစ်အမှိုက်ကိစ္စများအရေး ဆောင်ရွက်ရန်အတွက် ထားဝယ်မြို့တွင် ဖွဲ့စည်းထားသည့် Clean Dawei အဖွဲ့ မှ ရိုက်ကူးထားသော အသိပညာပေး ဇာတ်လမ်းတိုကို ဖေဖော်ဝါရီလ ပထမ အပတ်မှစတင်ကာ အောင်မင်္ဂလာ ရုပ်ရှင်ရုံတွင် ပြသနေပြီဖြစ်သည်။ စက္ကန့်သုံးဆယ်ခန့်သာ ကြာမြင့်...

ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဗုံးပေါက်

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဇွန်လ ၁၉ ရက်ည ၉ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲကြောင်း အဆိုပါမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုံးအဆောက်အအုံ အနောက်ဘက် ခုနစ်ပေခန့်အကွာရှိ အမျိုးသားအိမ်သာနှင့် မိလ္လာကန်ကြားတွင် ပေါက်ကွဲခြင်း ဖြစ်သဖြင့် မိလ္လာကန်...

တက္ကသိုလ်ဝင်တန်းအောင်ချက် မွန်ပြည်နယ် ပထမပြန်ရ

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်သည် မြန်မာတစ်နိုင်ငံလုံးတွင် အကောင်းဆုံးဖြင့် မွန်ပြည်နယ်က ပထမရရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို စစ်ကောင်စီက ယနေ့ (ဇွန် ၁၇) ထုတ်ပြန် လိုက်ပြီး မွန်ပြည်နယ်တွင်...

ဆရာ၊ ဆရာမ ငါးရာကျော် အသစ်ခန့်

ကိုဗစ်ကာလအလွန် ကျောင်းဖွင့် ရာသီအတွက် တနင်္သာရီတိုင်းတွင် ဆရာ၊ ဆရာမ ငါးရာကျော်ကို အသစ်ခန့်ထားပြီး ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အထက်တန်းပြ ၅၂ ဦး၊ မူလတန်းပြ ၄၇၂ ဦး စုစုပေါင်း ဆရာ၊...

ပညာရေးဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူ

အခြေခံပညာ ဦးစီးဌာနရှိ ပညာရေး ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူနေကြောင်း တနင်္သာရီ တိုင်းပညာရေးမှူးထံမှ သိရသည်။ ယင်းကိုယ်ရေးအချက်အလက်များတွင် ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်း၊ တက်ရောက်ခဲ့ဖူးသည့်ကျောင်းများ၊ သွေးအုပ်စု၊ ဝန်ထမ်းအဖြစ် စတင်တာ ဝန်ထမ်းဆောင်သည့်နေ့၊ လက်ရှိ ရာထူး နှင့် လစာ စသည်ဖြင့် အချက်အလက်...

တိုင်းအတွင်း လူမှုဝန်ထမ်းက ဆောက်သည့် မူကြို လေးကျောင်း သာရှိ

တနင်္သာရီတိုင်းအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနက ဆောက်လုပ်ထားသည့် မူလတန်းကြိုကျောင်း လေးကျောင်းသာ ရှိကြောင်း တနင်္သာရီတိုင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။ ယင်းလေးကျောင်းမှာ ထားဝယ်မြို့ ဆန်းချီမူလတန်းကြိုကျောင်း၊ လောင်း လုံး မောင်းမကန် မူလတန်းကြိုကျောင်း၊ မြိတ် ရေပုန်းရပ်ကွက်ရှိ မူလတန်းကြို ကျောင်းနှင့် ပုလောမြို့ရှိ...

မလိုအပ်သည့် အခမ်းအနားများမလုပ်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား၊ တက္ကသိုလ်ကျောင်းသင်္ကြန် ဆက်ကျင်းပမည်

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် မလိုအပ်သည့် အခမ်းအနားများ မကျင်းပရန် ပညာရေးဝန်ကြီးဌာနအောက်ရှိဌာနများ အားလုံးကို ညွှန်ကြားထားသော်လည်း ထားဝယ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့က ကျောင်းသင်္ကြန်ကို ဆက်လက်ကျင်းပမည်ဖြစ် ကြောင်းသိရသည်။ ပညာရေးဝန်ကြီးဌာနက ကိုရိုနာ ဗိုင်းရပ်စ်(ပြင်းထန် အဆုတ်ရောင်ရောဂါ) ဂယက်ကြောင့်...

ဇူလိုင်တွင် ကျောင်းဖွင့်ရန် သေချာဟုဆို

အခြေခံပညာကျောင်းများ ဇူလိုင်လတွင် ပြန်လည်ဖွင့်လှစ်ရန် သေချာကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။ ရန်ကုန်ခေတ်သစ် မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထိုသို့ပြောကြားခြင်းဖြစ်ပြီး ကျောင်းဖွင့်မည့် ရက်ကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။