ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါများတွင် ကျောင်းအပ်ရာခိုင်နှုန်း ကျဆင်းသွားနိုင်ဟု ခန့်မှန်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ကြောင့် ငွေကြေးကျပ်တည်းမှုများ ရှိလာ နိုင်သဖြင့် ယခုပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါများတွင် ကျောင်းသူ/သား လာရောက်အပ်နှံနှုန်း ကျဆင်းသွားနိုင်ကြောင်း ထားဝယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါတည်ထောင် သူအချို့က ခန့်မှန်းသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်...

ဆလုံစာသင်ရန်ဆရာ/ဆရာမများ လိုအပ်ပါက တင်ပြပါ

ဆလုံတိုင်းရင်းသား ကျေးရွာများ တွင် ဆလုံစာပေသင်ကြားရန် ဆရာ/ဆရာမလိုအပ်ကြောင်း ဒေသခံများက တင်ပြလာပါက ဆောင်ရွက်ပေးမည် ဟုတနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့အစွမ်းအားအရင်းမြစ်ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ ဇန်နဝါရီလ၃၁ရက်တွင်ကျင်းပ သည့်တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး တွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ ယခုနှစ်စဖွင့်မည်

မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားကောလိပ်ကို ယခုနှစ် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ထံမှ သိရသည်။ မွန်အမျိုးသားကောလိပ်ကို ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း...

ကျောင်းသားများကို စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်မှု မရှိစေဘဲ သင်ကြားပေးရမည်

ဆရာ၊ ဆရာများအနေဖြင့် အခြေခံ ပညာ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးရာတွင် အပြုသဘော ဆောင်သော ဆက်ဆံရေးဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိစေဘဲ သင် ကြားပေးရမည်ဟု ဥပဒေဖြင့် သတ်မှတ် ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။

တနင်္သာရီမြို့တွင် လူထုရှင်းသန့်အဖွဲ့က လုပ်မည့် သင်တန်းများ

တနင်္သာရီမြို့နယ် တကူတိုက်နယ်၊ တကူသံတိုက်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်မှ မေလအထိ အခမဲ့သင်ကြားပေးမည့် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ စက်ချုပ်နှင့် မြန်မာ့သိုင်းသင်တန်း တက်ရောက်လိုသူများ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း လူထုရှင်းသန့်အဖွဲ့မှ သိရသည်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် မြန်မာ့သိုင်းသင်တန်းအတွက် သင်တန်းကာလမှာ တစ်လခွဲနှင့် စက်ချုပ်သင်တန်းအတွက် အချိန်သုံးလကြာမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့်...

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို ခွင့်ကတ်ပြား ထုတ်မပေးပါက အရေးယူမည်

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူ အားလုံးကို ဖြေဆိုခွင့် ကတ်ပြား ထုတ်မပေးပါက အရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ဖေဖော်ဝါရီ ဒုတိယအပတ်က တက္ကသိုလ်ဝင်တန်း ကြီးကြပ်ရေးမှူး သင်တန်းတွင် ကျောင်းအုပ်ကြီး များကို သတိပေးထားသည်ဟု တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။

ကိုဗစ်အတွက် ပြန်အပ်ရသည့် အခြေခံပညာ ရန်ပုံငွေ ကျပ်သန်းငါးထောင်ကျော်

တနင်္သာရီတိုင်း အခြေခံပညာ ဦးစီးဌာန ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် အသုံးပြုမည့် ရန်ပုံငွေထဲမှ ပြည်ထောင်စုကို ကျပ်သန်းငါးထောင် ကျော် (ကျပ် ၅၅၀၅ သန်းကျော်) ပြန်အပ် လိုက်ရကြောင်း တိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။ တနင်္သာရီတိုင်းမှ...

မြို့မယဉ်ငေး သာသနာ့ရိပ်သာတွင် ကွန်ပျူတာသင်တန်းသား ခေါ်ယူ

ထားဝယ် မြို့မယဉ်ငေးသာသနာ့ ရိပ်သာတွင် ကွန်ပျူတာသင်တန်းပေးရန် အတွက် သင်တန်းသား ခေါ်ယူနေပြီဖြစ်ကြောင်း ကွန်ပျူတာနှင့် နိုင်ငံခြားဘာသာ စကားစင်တာ Center For Computer and Foreign Languages(CCFL) ထံမှ သိရသည်။ သင်တန်းကို...

ပညာရေးဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူ

အခြေခံပညာ ဦးစီးဌာနရှိ ပညာရေး ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူနေကြောင်း တနင်္သာရီ တိုင်းပညာရေးမှူးထံမှ သိရသည်။ ယင်းကိုယ်ရေးအချက်အလက်များတွင် ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်း၊ တက်ရောက်ခဲ့ဖူးသည့်ကျောင်းများ၊ သွေးအုပ်စု၊ ဝန်ထမ်းအဖြစ် စတင်တာ ဝန်ထမ်းဆောင်သည့်နေ့၊ လက်ရှိ ရာထူး နှင့် လစာ စသည်ဖြင့် အချက်အလက်...

ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ဆရာ၊ ဆရာမ ငါးရာနီးပါးခန့်လျာထား

ယခုပညာသင်နှစ်တွင် တနင်္သာရီတိုင်းရှိ အခြေခံကျောင်းများတွင် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ဆရာ၊ ဆရာမ ငါးရာနီးပါး (၄၉၂ ဦး) ခန့်ထားရန် လျာထားကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ဝိဇ္ဇာ၊ သိပွံရိုးရိုးဘွဲ့ရ ၂၁၆ ဦးကို...