ကိုဗစ်အတွက် ပြန်အပ်ရသည့် အခြေခံပညာ ရန်ပုံငွေ ကျပ်သန်းငါးထောင်ကျော်

0
429

တနင်္သာရီတိုင်း အခြေခံပညာ ဦးစီးဌာန ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် အသုံးပြုမည့် ရန်ပုံငွေထဲမှ ပြည်ထောင်စုကို ကျပ်သန်းငါးထောင် ကျော် (ကျပ် ၅၅၀၅ သန်းကျော်) ပြန်အပ် လိုက်ရကြောင်း တိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။

တနင်္သာရီတိုင်းမှ ပြန်အပ်လိုက်သည့် ရန်ပုံငွေများမှာ တင်ဒါပိုလျှံငွေမှ ကျပ်သန်း သုံးရာကျော် (ကျပ် ၃၈၂ သန်း ကျော်)၊ ငွေလုံးငွေရင်း အသုံးစရိတ်မှ ကျပ်သန်းနှစ်ရာနီးပါး (ကျပ် ၁၉၅ သန်း ကျော်)၊ သာမန်အသုံးစာရိတ်မှ သန်း ငါးထောင်နီးပါး (ကျပ် ၄၉၂၇ သန်း ကျော်) ပြန်အပ်လိုက်ရခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး စီမံ^ဘဏ္ဍာဌာန ထံမှ သိရသည်။

၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် အသုံးပြုမည့် ရန်ပုံငွေထဲမှ ကိုဗစ်-၁၉ ကပ်ရောဂါအတွက် အသုံးပြုရန် ယင်း ရန်ပုံငွေများကို ပြန်အပ်လိုက်ရခြင်းဖြစ် ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“ကိုဗစ်-၁၉ ရောဂါမှာ သုံးဖို့အတွက် ပညာရေးဝန်ကြီးဌာနတစ်ခုလုံးကို ခွင့်ပြု ထားတဲ့ ပမာဏရဲ့ ဆယ့်တစ်ရာခိုင်နှုန်း ကို ပြန်အပ်ပါဆိုတော့ တို့တိုင်းကလည်း ပြန်အပ်လိုက်ရတာပေါ့”ဟု ဒေါ်မြင့်စိန်က ပြောသည်။

အပ်နှံလိုက်သည့် ရန်ပုံငွေများသည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် တင်ဒါအောင်ထားပြီး စာချုပ် မချုပ်ဆို နိုင်သေးသော လုပ်ငန်းများ၊ ဝေးလံ ခေါင်ဖျားသည့်ဒေသများတွင် လုပ်ငန်း စတင်နိုင်ခြင်း မရှိသေးသည့် လုပ်ငန်း တို့မှ ရန်ပုံငွေများဖြစ်ကြောင်း ၎င်းက ပြောသည်။

အခြားတိုင်းနှင့်ပြည်နယ်တို့ရှိ အခြေခံ ပညာဦးစီးဌာနတို့သည်လည်း ခွင့်ပြု ရန်ပုံငွေများ အသီးသီးပြန်အပ်နေကြရ ကြောင်း ၎င်းက ပြောသည်။

အခြားဝန်ကြီးဌာနများက ခွင့်ပြု ရန်ပုံငွေ၏ ၁၀ ရာခိုင်နှုန်းကို ပြန်အပ် ရသော်လည်း ပညာရေးဝန်ကြီးဌာနကမူ ၁၁ ရာခိုင်နှုန်း ပြန်အပ်ရခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရ သည်။

ကျော်သူစိုး