မြို့မယဉ်ငေး သာသနာ့ရိပ်သာတွင် ကွန်ပျူတာသင်တန်းသား ခေါ်ယူ

0
396

ထားဝယ် မြို့မယဉ်ငေးသာသနာ့ ရိပ်သာတွင် ကွန်ပျူတာသင်တန်းပေးရန် အတွက် သင်တန်းသား ခေါ်ယူနေပြီဖြစ်ကြောင်း ကွန်ပျူတာနှင့် နိုင်ငံခြားဘာသာ စကားစင်တာ Center For Computer and Foreign Languages(CCFL) ထံမှ သိရသည်။

သင်တန်းကို မတ်လ ၁၁ ရက်တွင် ထားဝယ် မြို့မယဉ်ငေးသာသနာ့ရိပ်သာ၊ ဗုဒ္ဓကောလိပ်ရုံးခန်း အပေါ်ထပ်တွင် ဖွင့်လှစ်မှာဖြစ်ပြီး ဖေဖော်ဝါရီ တတိယ အပတ်မှစ၍ သင်တန်းသားခေါ်ယူနေပြီ ဖြစ်ကြောင်း CCFL မှ မန်နေဂျင်းဒါရိုက်တာ ကိုနေရာမင်းခန့်က ပြောသည်။

အသက် ၁၄ နှစ်နှင့် အထက်ရှိသူများ လျှောက်ထားနိုင်ပြီး မတ်လ ၃ ရက်တွင် သင်တန်း Fသမာ ဖြည့်ကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

မိုးမြင့်