တနင်္သာရီတွင် တက္ကသိုလ်ကျောင်းသားများ ဖန်တီးမှုစွမ်းရည်ပြပွဲ ပြုလုပ်ရန် ရန်ပုံငွေ အခက်အခဲဖြစ်နေ

တနင်္သာရီတိုင်းအတွင်းရှိ တက္ကသိုလ် များ အားလုံးပါဝင်သည့် ပထမဆုံး တက္ကသိုလ်ကျောင်းသားများ၏ ဖန်တီးမှု စွမ်းရည်ပြပွဲ (Thnintharyi Regional Student Creative Show) ပြုလုပ်ရန် အတွက် ရန်ပုံငွေ အခက်အခဲဖြစ်နေကြောင်း ထားဝယ်ခရိုင် ကျောင်းသားများ သမဂ္ဂ ထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဘာသာတွဲ ၅ ဖြေဆိုသူ အနည်းဆုံး

တနင်္သာရီတိုင်းမှ လာမည့် မတ်လ တွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် ကျောင်း သား၊ ကျောင်းသူများမှာ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်းဘာသာများပါဝင်သည့် ဘာသာတွဲ ၅ ကို ဝင်ရောက်ဖြေဆိုသူ အနည်းဆုံးဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံး စာရင်းအရ သိရသည်။

နွေရာသီ ကျောင်းနှစ်လသာ ပိတ်တော့မည်

ယခုပညာသင်နှစ်မှစပြီး အခြေခံ ပညာကျောင်းများ၏ နွေရာသီကျောင်း ပိတ်ကာလမှာ နှစ်လသာရှိတော့မည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြားချက် အရသိရသည်။ ပြီးခဲ့သည့် ပညာသင်နှစ်များကမူ အခြေခံပညာကျောင်းများ၏ နောက်ဆုံး စာမေးပွဲများကို ဖေဖော်ဝါရီလတွင် ကျင်းပပြီးပါက မတ်လမှ...

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို ခွင့်ကတ်ပြား ထုတ်မပေးပါက အရေးယူမည်

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူ အားလုံးကို ဖြေဆိုခွင့် ကတ်ပြား ထုတ်မပေးပါက အရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ဖေဖော်ဝါရီ ဒုတိယအပတ်က တက္ကသိုလ်ဝင်တန်း ကြီးကြပ်ရေးမှူး သင်တန်းတွင် ကျောင်းအုပ်ကြီး များကို သတိပေးထားသည်ဟု တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။

ပညာရေးတက္ကသိုလ်တက်မယ်

မခိုင်ဝတ်ရည်ထွန်း (တစ်နိုင်ငံလုံး အမှတ်အများဆုံး စာရင်းဝင်) မြိတ်မြို့ရှိ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပြီး ဝိပ္ပံတွဲတွင် စုစုပေါင်း ရမှတ် ၄၉၅ မှတ်ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံး ဆယ်ဦး...

ပညာရေးဌာနမှ နေ့စားလပေး ရုံးဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်ရန်ပြင်

တိုင်းအတွင်းရှိ ပညာရေးဌာနမှ နေ့စားလပေး ရုံးဝန်းထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်အပ်ရန် တောင်းယူထားသည့် လူဦးရေစာရင်းကို ရုံးချုပ်သို့ တင်ပြထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ နေ့စားလပေး ခန့်ထားသည့် ရုံးဝန်ထမ်းများ၏ လက်ရှိ လူဦးရေစာရင်း၊ အလုပ်ထွက်သွားသူ ဦးရေစာရင်း၊...

ကျောင်းဖွင့်အမီ ကိုဗစ်စည်းကမ်းချက်များနှင့် ညီ၊ မညီ စစ်ဆေးမည်

အခြေခံကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျန်းမာရေးနှင့် အားကစားဌာနက ညွှန်ကြားချက်များအတိုင်း ပြင်ဆင်ထား ခြင်းရှိ၊ မရှိကို တိုင်း၊ ခရိုင်၊ မြို့နယ်ပညာ ရေးမှူးရုံးတို့က ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။ စာသင်ခန်းများကို အများဆုံး ကျောင်းသားဦးရေ...

အခြေခံကျောင်းများတွင် ထားဝယ်စာသင်ကြားရေး အဆင့်လေးဆင့် ဖြတ်ရန် ကျန်

ထားဝယ်စာပေအား အခြေခံပညာ မူလတန်းအဆင့်တွင် သင်ကြားနိုင်ရန်မှာ အဆင့်လေးဆင့်ကို ဖြတ်ရန်ကျန်နေသေးကြောင်း ထားဝယ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီထံမှ သိရသည်။ မူလတန်းအဆင့်ဖြစ်သော KG ၊ ပထမတန်း၊ ဒုတိယတန်းတို့တွင် သင်ကြားမည့် ထားဝယ်စာဖြင့် ရေးသားထားသော ဒေသန္တရ...

အခြေခံကျောင်းသားများ အမည် နှင့် မွေးသက္ကရာဇ်ပြောင်းကိစ္စ ဖြေလျှော့ပေး

ယခုပညာသင်နှစ်မှစပြီး အခြေခံ ကျောင်းသားများနှင့် မိဘများ၏ အမည်ပြောင်း၊ မွေးသက္ကရာဇ်ပြောင်းခြင်းများကို အခြေခံပညာဦးစီးဌာနက ဖြေလျှော့ပေးလိုက်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။ ယခင်က အမည်ပြောင်းလျှောက်လွှာများကို အခြေခံပညာဦးစီးဌာနအထိ တင်ပြရပြီး ယခုဖြေလျှော့ပေးချက်အရ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်များတွင်ပင်...

ကိုဗစ်ကာလ ကျောင်းဖွင့်ရက်များ၏ အခြားဘက်မျက်နှာစာ

မကြာမီတွင် နေသားတကျအခြေအနေသို့ ရောက်ရှိလာတော့မည့် ကိုဗစ် ကာလကျောင်းဖွင့်ရက်များ၏ နောက်ကွယ်တွင် မြုပ်နေသည့်အကြောင်းအရာအချို့ ရှိနေပါသေးသည်။ နှာခေါင်းစည်း(Mask)နှင့် မျက်နှာကာ (Face Shield) တို့ ဝတ်ဆင်ပြီးမှ ကျောင်းသို့လာရောက်ရသည်မှာ ဆရာ၊ ဆရာမများအတွက်ရော၊ ကျောင်းသား၊...