မသန်စွမ်းကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေး ပေးမည်
အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသော မသန်စွမ်းကျောင်းသူ၊ ကျောင်းသားများကို ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် ပညာသင်ထောက် ပံ့ကြေးပေးမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ မသန်စွမ်းကျောင်းသူ ကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေးပေးရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက စာရင်းတောင်းယူထားသော်လည်း တစ်ဦးလျှင် ငွေကြေးမည်မျှ...
အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ စာရေးကိရိယာ ထောက်ပံ့မည်
ယခုနှစ် ကျောင်းဖွင့်ရာသီတွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့်သင် ကျောင်းသူ ကျောင်းသားများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်အပြင် ဗလာစာအုပ်နှင့် ခဲတံ၊ ဘောပင်တို့ကိုပါ ထောက်ပံ့ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ပြီးခဲ့သည့် ပညာသင်နှစ်များက မူလတန်းကျောင်းသူ...
ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း စာရင်းကောက်
တည်ထောင်ဖွင့်လှစ်ခွင့် မှတ်ပုံတင်ဖြင့် ဖွင့်လှစ်ထားသည့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ၏ စာရင်းကောက်ယူကာ အခြေခံပညာဦးစီးဌာနသို့ ပေးပို့ရန် ဇွန်လ ၂၉ ရက်နေ့က ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ “အရင်တုန်းက ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းကိစ္စကို ရုံးချုပ်ကနေ တစ်ခါမှ မေးတယ်ဆိုတာ...
ကျောင်းဖွင့်အမီ ကိုဗစ်စည်းကမ်းချက်များနှင့် ညီ၊ မညီ စစ်ဆေးမည်
အခြေခံကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျန်းမာရေးနှင့် အားကစားဌာနက ညွှန်ကြားချက်များအတိုင်း ပြင်ဆင်ထား ခြင်းရှိ၊ မရှိကို တိုင်း၊ ခရိုင်၊ မြို့နယ်ပညာ ရေးမှူးရုံးတို့က ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။ စာသင်ခန်းများကို အများဆုံး ကျောင်းသားဦးရေ...
ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ဆရာ၊ ဆရာမ ငါးရာနီးပါးခန့်လျာထား
ယခုပညာသင်နှစ်တွင် တနင်္သာရီတိုင်းရှိ အခြေခံကျောင်းများတွင် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ဆရာ၊ ဆရာမ ငါးရာနီးပါး (၄၉၂ ဦး) ခန့်ထားရန် လျာထားကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ဝိဇ္ဇာ၊ သိပွံရိုးရိုးဘွဲ့ရ ၂၁၆ ဦးကို...
အခြေခံကျောင်းသားများ အမည် နှင့် မွေးသက္ကရာဇ်ပြောင်းကိစ္စ ဖြေလျှော့ပေး
ယခုပညာသင်နှစ်မှစပြီး အခြေခံ ကျောင်းသားများနှင့် မိဘများ၏ အမည်ပြောင်း၊ မွေးသက္ကရာဇ်ပြောင်းခြင်းများကို အခြေခံပညာဦးစီးဌာနက ဖြေလျှော့ပေးလိုက်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။ ယခင်က အမည်ပြောင်းလျှောက်လွှာများကို အခြေခံပညာဦးစီးဌာနအထိ တင်ပြရပြီး ယခုဖြေလျှော့ပေးချက်အရ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်များတွင်ပင်...
နဝမတန်း (ပြင်ပဖြေ) စာမေးပွဲ ဇူလိုင် ၂၁ ရက် ကျင်းပမည်
အခြေခံပညာ နဝမတန်း(ပြင်ပဖြေ) စာမေးပွဲကို ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်နေ့အထိ တစ်ရက် နှစ်ဘာသာနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အဆိုပါ စာမေးပွဲကို နှစ်စဉ် မေလအတွင်း ကျင်းပလျက်ရှိရာ ယခုနှစ်တွင်...
တနင်္သာရီတိုင်းရှိ အခြေခံကျောင်း တစ်ဝက်ခန့်သာ ပုံမှန်အတိုင်း ပြန်ဖွင့်မည်
တနင်္သာရီတိုင်းရှိ အခြေခံပညာကျောင်း တစ်ဝက်ခန့်ကိုသာ ပုံမှန်အတိုင်း ကျောင်းပြန်ဖွင့်နိုင်မည်ဖြစ်ပြီး ကျန်ရှိသည့် ကျောင်းများသည် အသုတ်ခွဲစနစ်ဖြင့် ပြန်ဖွင့်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ အောင်စာရင်းထုတ်ပြန်ပြီးသော အခြေခံကျောင်းများကို ဇူလိုင်လ ၂၁ ရက်တွင် ကျောင်းပြန်ဖွင့်မည်ဖြစ်ရာ တနင်္သာရီတိုင်းတွင်...
ဘော်ဒါနှင့် ပြင်ပကျူရှင်များအား ဖွင့်လှစ်ခွင့်ပြုသင့်ကြောင်း ထားဝယ်ခရိုင် ပုဂ္ဂလိက ပညာရေးမိသားစု(ယာယီ) ထုတ်ပြန်
ထားဝယ်ခရိုင်အတွင်းရှိ တရားဝင်မှတ်ပုံတင်ထားသော ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း(ဘော်ဒါ) များနှင့် ပြင်ပကျူရှင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားခွင့်ပြုသင့်ကြောင်း ထားဝယ်ခရိုင် ပုဂ္ဂလိက ပညာရေးမိသားစု(ယာယီ)က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်သည်။ အခြေခံပညာအတန်းအချို့နှင့် ကိုယ်ပိုင်အထက်တန်းအချို့ကို...
တက္ကသိုလ်များ ပြန်ဖွင့်ရန် မညွှန်ကြားသေး
တက္ကသိုလ်များ ပြန်ဖွင့်ရေးကိစ္စအတွက် ပညာရေးဝန်ကြီးဌာနမှ ဇွန်လ ၁၈ ရက်အထိ တစ်စုံတစ်ရာ ညွှန်ကြားလာခြင်းမရှိသေးကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ ကျောင်းသားများအကြားတွင်မူ တက္ကသိုလ်များ ဇူလိုင်လအတွင်းပြန်ဖွင့်ကာ ကျန်နေသည့် ဘာသာများ ဖြေရတော့မည်ဖြစ်ကြောင်းနှင့် အဝေးသင်စာစဉ်တင်ခြင်းကို...