ဟွန်ဆန်သား ဟွန်မနက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ဘုရင်ကအတည်ပြု

နှစ် ၄၀ နီးပါအာဏာချုပ်ကိုင်လာခဲ့သော ဟွန်ဆန်က သူ၏သားဖြစ်သူ ဟွန်မနက်ကို အာဏာလွှဲပေးရန် ဝန်ကြီးချုပ်အဖြစ် တင်သွင်းထားသည့်အပေါ် ကမ္ဘောဒီယားဘုရင်က အတည်ပြုလက်ခံပေးလိုက်ကြောင်း ယနေ့ (ဩဂုတ် ၇) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သားဖြစ်သူ ဟွန်မနက်ကို အာဏာလွှဲပေးလိုက်မှုသည်...

တိုက်ပွဲဖြစ်နေသဖြင့် ပုလောတွင် ခရီးသည်ကားများ ပိတ်မိနေ

မြိတ် - ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ပုလောမြို့တွင် ခရီးသည်ကားများ ပိတ်မိနေကြောင်း မြို့ခံအချို့ကပြောသည်။ ပလမြို့၊ မီးလောင်ချောင်းကျေးရွာအနီးဝန်းကျင်တွင် ယနေ့နံနက်ပိုင်းမှစပြီး တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသည်တင်ကားများ ပိတ်မိနေခြင်းဖြစ်ကြောင်း ပိတ်မိနေသည့် ခရီးသည်တစ်ဦးက ပြောဆိုသည်

မြိတ်မြို့ပေါ် ဗုံးပေါက်၊ ထိခိုက်သေဆုံးသူရှိဟု သတင်းထွက်

မြိတ်မြို့ ကမ်းနားလမ်းရှိ Seaview ကွန်ဒိုဘေးလမ်းရှိ ဘားတစ်ခုတွင် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ညဦးက ဗုံးတစ်လုံးပေါက်ကွဲကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကွန်ဒိုဘေးလမ်းရှိ Level 3 ဘားတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူရှိသည်ဟု...

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်လေကြောင်းဗုံးကြဲ

ထားဝယ်အရှေ့တောဒေသ ကျောက်မဲတောင်ကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ရဟတ်ယာဉ်ဖြင့် ‌ဗုံးဆယ်လုံးထက်မနည်း ကြဲချခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

အိမ်ရှေ့ပြင်ရပ်ကွက် လော့ဒေါင်းချမည်

ထားဝယ်၊ အောက်တိုဘာ ၁၄/ Dawei Watch ကိုဗစ်ရောဂါပိုးတွေ့ရှိသူများပြားလာသည့်အတွက် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အား အသွားအာလာပိတ်ဆို့မှု Lockdown(လော့ဒေါင်း) ချမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

သရက်ချောင်း ရငဲရွာတွင် အိမ်မီးလောင်နေ

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင် ယခုည နေအိမ်တစ်ဆောင်မီးလောင်ကျွမ်းနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မီးလောင်နေတာတော့ မှန်တယ်။ တစ်ဆောင်ပဲ လောင်တာပါ။ တဲအိမ်လေးပါ” ဟု ရငဲရွာခံ လူငယ်တစ်ဦးက ယခု ဒီဇင်ဘာလ ၂၁ရက် ည ၁၀...
Dawei Watch, Dawei News, Dawei News Media

စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်သာရောင်းရန် ပြန်သတ်မှတ်

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်နေချိန်တွင် ကူးစက်မှုထိန်းချုပ်နိုင်ရန် ယင်းကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ မောင်းမကန် ရဲစခန်းကို ဝင်တိုက်

ပြည်သူ့ကာကွယ်ရေး တပ်များက စစ်ကောင်စီ၏ မောင်းမကန်မြို့နယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေသဖြင့် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် ယနေ့(ဇန်နဝါရီ ၃၁) နံနက် ၆ နာရီခန့်မှစပြီး တိုက်ပွဲဖြစ်ပွားနေသည်။ "စောစောကတည်းက လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ပါ ပစ်နေကြတယ် "ဟု...

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့်ထပ်မံတိုက်ခိုက်

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၄ ရက် နံနက်ပိုင်းတွင် လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ နံနက် ၁၀ နာရီခွဲနှင့် ၁၁ နာရီခန့်တွင် လေယာဉ်ဖြင့်...

ထိုင်းတွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံး

ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်ရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၈ ဦးအထိ ရှိလာခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုသည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခွဲအချိန်တွင်...