ပြည်သူ့ကာကွယ်ရေးတပ်များ မောင်းမကန် ရဲစခန်းကို ဝင်တိုက်

0
1366

ပြည်သူ့ကာကွယ်ရေး တပ်များက စစ်ကောင်စီ၏ မောင်းမကန်မြို့နယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေသဖြင့် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် ယနေ့(ဇန်နဝါရီ ၃၁) နံနက် ၆ နာရီခန့်မှစပြီး တိုက်ပွဲဖြစ်ပွားနေသည်။

“စောစောကတည်းက လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ပါ ပစ်နေကြတယ် “ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် မောင်းမကန်ဈေးနှင့် လမ်းမများတွင် သွားလာသူကင်းမဲ့နေကြောင်း ဒေသခံများထံမှသိရသည်။

အသေးစိတ်အခြေအနေကို ဆက်လက်ဖော်ပြပေးသွားပါမည်။

မနေ့(ဇန်နဝါရီ ၃၀)ကလည်း မောင်းမကန်ရဲစခန်းကို ဒရုံးဖြင့် ဗုံးချတိုက်ခိုက်ခဲ့သလို လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်စစ်ဘက်ရေးရာ လုံခြုံရေးရုံး(စရဖ)နှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို တိုက်ခိုက်ခဲ့ရာတွင် ၅ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။