နေပြည်တော်စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ကြောင်း NUG ပြော

0
521
ဓာတ်ပုံ - BBC

နေပြည်တော်ရှိ စစ်ကောင်စီ၏ စစ်ရုံးချုပ် (ကက-ကြည်း) နှင့် အေလာလေတပ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ဒရုန်းများဖြင့် တပြိုင်နက် ဗုံးချတိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲတို့က စစ်ရုံးချုပ်ကို တိုက်ခိုက်ကြောင်း ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Leather Weapon တပ်ခွဲက အေလာလေတပ်ကို တိုက်ခိုက်ကြောင်း ဆိုသည်။

နေပြည်တော် စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း ၁၆ စီး ၊ အေလာလေတပ်ကို ၁၃ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း PDF Insight ထုတ်ပြန်ထားသည်။

ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသောကြောင့် ထိခိုက်မှုအခြေအနေများကို မသိရသေးသော်လည်း အေလာလေတပ်တွင် မီးလောင်နေသည်ကိုတွေ့ရကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်၏ အလုံခြုံဆုံးနှင့် နေပြည်တော်၏ အခိုင်မာဆုံး ဖြစ်သည်ဆိုသည့် နေရာကို စတင်တိုက်ခိုက်နိုင်နေပြီဟုလည်း ဆိုသည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရသဖြင့် နေပြည်တော်လေဆိပ်ကို လေဆိပ်ကိုခေတ္တပိတ်ထားလိုက်ရကြောင်း ဘီဘီစီ မြန်မာပိုင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။ လေယာဉ်ပြေးလမ်းတွင် ဒရုန်းတစ်စင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း ဖော်ပြသည်။