မီးလောင်ပြင်က ကြောင်ရှာပုံတော်

0
820

စစ်ကောင်စီတပ်က သူတို့အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ရှိသမျှ အဝတ်အစား၊ အိမ်‌အသုံးအဆောင် ပရိဘောဂမကျန်၊ စုထားဆောင်းထားတဲ့ ချွေးနည်းစာတွေပါ မီးနဲ့အတူ လောင်ကျွမ်းပြာကျ သွားခဲ့ပါပြီ။

ပြာပုံတွေကြားထဲမှာ ရှာဖွေနေတဲ့ မိန်းကလေးငယ်တစ်ယောက်။ သူစိုးရိမ်တကြီး ရှာနေတာက မွေးကတည်းက မျက်လုံးတစ်ဖက်မမြင်ရတဲ့ ဒုက္ခိတကြောင်ကလေးဖြစ်ပါတယ်။

မခင်နီလာအောင်က ခွေးပေါက်စလေးကိုလည်း ချစ်တတ်သူပါ။ ကြောင်ကိုတော့သူအချစ်ဆုံး။ နွန်ကိုင်းလေးက ဒုက္ခိတလေးမို့ သနားပြီးပိုချစ်တာတဲ့…………