သရက်ချောင်း ရငဲရွာတွင် အိမ်မီးလောင်နေ

0
1490

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင် ယခုည နေအိမ်တစ်ဆောင်မီးလောင်ကျွမ်းနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မီးလောင်နေတာတော့ မှန်တယ်။ တစ်ဆောင်ပဲ လောင်တာပါ။ တဲအိမ်လေးပါ” ဟု ရငဲရွာခံ လူငယ်တစ်ဦးက ယခု ဒီဇင်ဘာလ ၂၁ရက် ည ၁၀ နာရီအချိန်က ပြောဆိုသည်။

မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းကို သေချာမသိရသေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မီးလောင်မှုကို ဝိုင်းဝန်းကူညီ ငြှိမ်းသတ်နေကြရသဖြင့် အသေးစိတ် အခြေအနေအား မေးမြန်း၍ မရသေးပေ။