ကံပေါက်တွင် အလှပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးနှင့် အစ်မဖြစ်သူတို့ ဖမ်းဆီးခံရ

0
2288

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ လှည်းကုန်း (၂) ရပ်ကွက်တွင် အလှပြင်ဆိုင်ဖွင့်လှစ်ထားသည့် မမော်မော်ရှိန်နှင့် ၎င်း၏ အစ်မဖြစ်သူတို့ကို ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“နေ့လယ်က အလှပြင်ဆိုင်နဲ့ ကပ်လျက် သူ့အစ်မအိမ်မှာ ဝင်ရှာပြီး ညီအမ နှစ်ယောက်ကိုခေါ်သွားတယ်” ဟု ကံပေါက်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသမီးနှစ်ဦးအား မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒီဇင်ဘာလ ၁၇ ရက်ကတည်းက ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်ဒေသခံလေးဦးလည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသလို နိုဝင်ဘာလ နောက်ဆုံးအပတ်က အဖမ်းခံထားရသည့် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်တစ်ဦးလည်း လွတ်မြောက် လာခြင်း မရှိသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

မောရဝတီရေတပ် ဗုံးချတိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်ဒေသခံ ခြောက်ဦးရှိလာပြီ ဖြစ်သည်။