နေပြည်တော်စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ကြောင်း NUG ပြော

နေပြည်တော်ရှိ စစ်ကောင်စီ၏ စစ်ရုံးချုပ် (ကက-ကြည်း) နှင့် အေလာလေတပ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ဒရုန်းများဖြင့် တပြိုင်နက် ဗုံးချတိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး သတင်းထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)...

ရေး-ထားဝယ်လမ်းပေါ်ရှိ ကလိန်အောင်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်

ရေး- ထားဝယ်ကားလမ်းပိုင်းရှိ ရေဖြူမြို့နယ်၊ ကလိန်အောင်အနီးရှိ လော့သိုင်းရွာနှင့်ကျွဲတလင်းရွာ ဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့(မတ် ၂၉) မွန်းလွဲ ၃ နာရီဝန်းကျင်တွင် လေယာဥ်ဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။ "လေယာဥ်အပေါ်ကနေလာပစ်တာ ။ အောက်ကလည်း ပြန်ပစ်နေကြတယ် "...

လောင်းလုံး မြို့နယ်ခန်းမကိုလာသည့် စစ်ကောင်စီကားပစ်ခတ်ခံရ၊ သုံးဦးသေဆုံးဟုဆို

လောင်းလုံးမြို့ (က) ရပ်ကွက်ရှိ မြို့နယ်ခန်းမသို့လာသည့် စစ်ကောင်စီကားကို ယနေ့(မတ် ၂၂) နံနက် ၇ နာရီခန့်တွင် ပစ်ခတ်ခံရကြောင်း မြို့ခံအချို့ထံမှသိရသည်။ မတ်လ ၂၇ နေ့တွင်ပြုလုပ်မည့် တပ်မတော်နေ့အခမ်းအနားအတွက် မြို့နယ်ခန်းမတွင် ပြင်ဆင်ထားသည်များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက...

ကံပေါက် လှည်းကုန်းရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်

ရေဖြူမြို့နယ် ၊ ကံပေါက်ရွာ ၊ လှည်းကုန်း (၁) ရပ်ကွက်တွင် ယနေ့(မတ်၁၈) ည ၆နာရီခွဲခန့်က ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က လမ်း တစ်နာရီနီးပါး ပိတ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံကသိရသည်။ ပစ်ခတ်မှုသည် အပြန်အလှန်ပစ်ခတ်မှုမဟုတ်ဘဲ တစ်ဖက်တည်းပစ်ခတ်သည့်...

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့်ထပ်မံတိုက်ခိုက်

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၄ ရက် နံနက်ပိုင်းတွင် လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ နံနက် ၁၀ နာရီခွဲနှင့် ၁၁ နာရီခန့်တွင် လေယာဉ်ဖြင့်...

သရက်ချောင်း ရောင်းမော်ရွာဘက်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

သရက်ချောင်းမြို့နယ်၊ ရောင်းမော်ရွာဘက်တွင် စစ်ကောင်စီ၊ ပျူစောထီးနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲပွားဖြစ်နေပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မတ်လ ၂ရက် နံနက် ၅ နာရီခွဲခန့်တွင် ရောင်းမော်ရွာထိပ်တွင် တပ်စွဲထားသည့်...

ထားဝယ်တွင် မေတ္တာရဲစခန်းနှင့် ဟိန္ဒားစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ မီးရှို့

ထားဝယ်အရှေ့တောဒေသရှိ မေတ္တာမြို့ရဲစခန်းနှင့် ဟိန္ဒားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက မီးရှို့လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် နာမည်ကျော် ဟိန္ဒားသတ္တုမိုင်းရှိ မြန်မာပွန်ပီပက် ကုမ္ပဏီ (MPC) နေရာကို ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃...

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်လေကြောင်းဗုံးကြဲ

ထားဝယ်အရှေ့တောဒေသ ကျောက်မဲတောင်ကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ရဟတ်ယာဉ်ဖြင့် ‌ဗုံးဆယ်လုံးထက်မနည်း ကြဲချခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

မြိတ်မြို့ပေါ် ဗုံးပေါက်၊ ထိခိုက်သေဆုံးသူရှိဟု သတင်းထွက်

မြိတ်မြို့ ကမ်းနားလမ်းရှိ Seaview ကွန်ဒိုဘေးလမ်းရှိ ဘားတစ်ခုတွင် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ညဦးက ဗုံးတစ်လုံးပေါက်ကွဲကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကွန်ဒိုဘေးလမ်းရှိ Level 3 ဘားတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူရှိသည်ဟု...

ထားဝယ်အရှေ့တောကို စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် ဗုံးကြဲ

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ပထမဆုံးအကြိမ်အဖြစ် ယ​နေ့(ဖေဖော်ဝါရီ ၂၁) မွန်းလွဲပိုင်းက ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။ အရှေ့တောဒေသရှိ ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာကြားကို စစ်ကောင်စီလေတပ်က MI-2 ရဟတ်ယာဉ်ဖြင့် ဗုံးလေးလုံးကြဲချသွားကြောင်း သိရသည်။