တနင်္သာရီတိုင်းတွင် ဧပြီတစ်လ လျှပ်စစ်ဓာတ်အား အခမဲ့ပေးရေး တိုင်းအစိုးရ နေပြည်တော်တွင် ငွေတောင်းခံ၊ ခွင့်ပြု မပြု မသေချာသေး

ကိုရိုနာရောဂါပိုး ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလတွင် တနင်္သာရီတိုင်းဒေသကြီးမှ လျှပ်စစ်မီးသုံးစွဲသူများကို အခမဲ့ပေးနိုင်ရေး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်ထောင်စုထံ ငွေတောင်းခံလိုက်သည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေးအဖွဲ့များ (နိုင်ငံတကာ လူမှုကူညီရေး...

တနင်္သာရီတိုင်းဥပဒေသစ်နှစ်ခု အတည်ပြုမည်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဥပေဒ နှစ်ခု အတည်ပြုရန်ရှိကြောင်း တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး ထံမှ သိရသည်။ အစည်းအဝေးတွင် ဥပဒေသစ်နှစ်ခုကို...

မိုးစပါးချေးငွေ အတိုးနှုန်း ထပ်လျှော့

ယခုနှစ် မိုးရာသီတွင် လယ်သမားများအားထုတ်ချေးမည့် စိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ် အတိုးနှုန်းကို ၃ ရာခိုင်နှုန်းလျှော့ချထားကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ယခင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ်အတိုးနှုန်းကို ၈ ရာခိုင်နှုန်းသတ်မှတ်ထားရာ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုလျော့နည်းစေရန်...

လောင်းလုံး ဥပဒေ အထောက်အကူပြုအဖွဲ့ထံ အမှုကိစ္စ အကူအညီ တောင်းခံသူနည်းသေး

နှစ်နှစ်ကျော်ကာလအတွင်း လောင်းလုံးမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ထံ လာရောက်အကူအညီတောင်းခံသည့်အမှု ၁၅ ခု သာရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ယင်းအဖွဲ့ရုံးခန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့သည်။ လာရောက်တောင်းခံသည့်အမှုများအနက် သုံးခုကို အခမဲ့အမှုလိုက်ပါ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့...

စုပေါင်းခေါင်းဆောင်မှု အကြပ်အတည်းအပေါ် စကားဝိုင်း ဆွေးနွေးပွဲလုပ်မည်

စုပေါင်းခေါင်းဆောင်မှု အကြပ်အတည်းအပေါ် ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ဆွေးနွေးမည့် စကားဝိုင်းကို မေလ ၇ ရက်ညတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ထုဆစ်မျှော်ရည် တနင်္သာရီ အစီအစဉ်၏ တတိယအကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲဖြစ်ပြီး မေလ ၇ ရက်ည ၇...

ပြည်တွင်းခရီးက ပြန်လာသူများ ကျန်းမာရေး အစစ်ခံရမည်

ပြည်တွင်းခရီးမှ တနင်္သာရီတိုင်းသို့ ပြန်လာသူများမှာ စောင့်ကြည့်စခန်းတွင် ၁၄ ရက်နေထိုင်ရန် မလိုအပ်သော်လည်း ကျန်းမာရေးစစ်ခံရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးရွာအချို့တွင် ပြည်တွင်းခရီးမှ ပြန်လာသူများကို စောင့်ကြည့်စခန်းတွင် ၁၄...

တနင်္သာရီတိုင်းအတွင်း ကိုရိုနာရောဂါပိုးစစ်ထားသူ သုံးဆယ်ကျော်ရှိ၊ ယနေ့ည အဖြေသိရမည်

တနင်္သာရီတိုင်းအတွင်းမှ ကိုရိုနာရောဂါပိုးရှိ/မရှိ ဓာတ်ခွဲခန်းပို့ထားသူ သုံးဆယ်ကျော်ရှိပြီး ၎င်းတို့၏ ဓာတ်ခွဲအဖြေကို ယခုညတွင် သိရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ တိုင်းအတွင်း မြို့နယ် ၁၀ ခုရှိ စောင့်ကြည့်ရေးစခန်းများ (Facility...

မလွှဲတောင် လမ်းပိုင်း ပျက်စီးနေရာအချို့ ဇွန်လအပြီး ပြင်မည်

ယမန်နှစ်မိုးရာသီက ပျက်စီးသွား ခဲ့သည့် မလွှဲတောင်လမ်းပိုင်းရှိ ယာယီ ဘေလီတံတားနှင့် အခြားနေရာနှစ်ခုတွင် ကျပ်သိန်း ခုနစ်ထောင် အသုံးပြုကာ ယခုနှစ်ဇွန်လမတိုင်မီအပြီး ပြုပြင်မည် ဖြစ်ကြောင်း လမ်းအထူးအဖွဲ့ ၂၃ ထံမှ သိရသည်။ ယာယီ...

မောင်းမကန်ရေပူစမ်း အဆင့်မြှင့်ရေး လူနေအိမ်များ ဦးစွာပြောင်းရမည်

မောင်းမကန်ကမ်းခြေအနီးရှိ မောင်းမကန်ရေပူစမ်းအဆင့်မြှင့်တင်ရေး အစီအစဉ်များကို ရေပူစမ်းမြေဧရိယာအတွင်းရှိ လူနေအိမ်များပြောင်းရွှေ့ပြီးမှ စတင်နိုင်မည်ဟုကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောကြားသည်။ တပ်မတော်မှပိုင်ဆိုင်ပြီး ကုမ္ပဏီတို့က အဆင့်မြှင့်တင်ရန်ကမ်းလှမ်းခံထားရသော မောင်းမကန်-ပန်းတင်အင်းလမ်းဘေးရှိ ရေပူစမ်းမြေဧရိယာ ၁၉ ဒသမ ၆၇ ဧကအတွင်း လူနေအိမ်...

တပ်ကတရားစွဲထားသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့အမှု ချေဖျက် ခွင့်တင်

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅က ဖြင့်တပ်မတော်မှတရားစွဲထားသည့်ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် အမှုတွဲတရားလွှတ်တော်ရှေနေ ဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့အမှုကို တိုင်းတရားလွှတ်တော်သို့ အမှုချေဖျက်ခွင့်တင်သွင်းထားကြောင်း ရှေ့နေဦးကြီးမြင့်က ပြောသည်။ ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဧပြီလက ကော့သောင်းတွင်ပြုလုပ်ခဲ့သည့် “၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ဦး...