မြိတ်တွင်ရေငန်တား တမံကျိုးပြီး လယ်ဧက ရာချီ ရေမြုပ်

မြိတ်မြို့၏ မြောက်ဘက်ပင်လယ်ကမ်းနဘေးရှိ ကလွင်ကျေးရွာတွင် ရေငန်တားတမံရိုးကျိုးသဖြင့် ပြီးခဲ့သည့်နှစ်ကတည်းက လယ်ဧကသုံးရာခန့်နှင့် ကျေးရွာနေအိမ်အချို့ ရေနစ်မြုပ်လျက် ရှိသည်။ ယမန်နှင့် စပါးရိတ်ရာသီမတိုင်မီ တာရိုးကျိုးသဖြင့် လယ်ဧကရာချီရှိ စပါးများဆုံးရှုံးခဲ့သေးသည်။ ယင်းနောက် တာရိုးကျိုးမှု တဖြည်းဖြည်းများလာပြီး မေလဆန်း၌ လယ်ဧက...

ထားဝယ်ငါးမဲလုံး အရောင်းအဝယ် တန့်

ထားဝယ်ဒေသထွက် ငါးမဲလုံးငါးခြောက်များ အရောင်းအဝယ်မရှိဖြစ်နေကြောင်း လောင်းလုံးမြို့နယ်မောင်းမကန်ဒေသမှ ကမ်းနီးငါးဖမ်းလှေရှင်များနှင့် ငါးခြောက်ကုန်သည် အချို့ထံမှသိရသည်။ ထားဝယ်ဒေသအတွင်း ဖမ်းမိသည့် ငါးမဲလုံးငါးခြောက်များမှာ ဒေသအတွင်း စားသုံးလေ့မရှိဘဲ ဖမ်းမိသမျှနီးပါးကို ရန်ကုန်ပွဲရုံများမှတစ်ဆင့် အထက်မြန်မာပြည်ဈေးကွက်အတွင်း ဖြန့်ချိရောင်းချလေ့ရှိသည်။

တနင်္သာရီတိုင်း ဆန်မပြတ်ဟု အာမခံ

လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်စ် ဂယက်ကြောင့် တနင်္သာရီတိုင်း အတွင်း ဆန်မပြတ်စေရေး အာမခံကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းက ပြောသည်။ လက်ရှိတွင် တိုင်းအတွင်း ဆန် မပြတ်လပ်စေရေးနှင့်...

မိုးစပါးချေးငွေ အတိုးနှုန်း ထပ်လျှော့

ယခုနှစ် မိုးရာသီတွင် လယ်သမားများအားထုတ်ချေးမည့် စိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ် အတိုးနှုန်းကို ၃ ရာခိုင်နှုန်းလျှော့ချထားကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ယခင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ်အတိုးနှုန်းကို ၈ ရာခိုင်နှုန်းသတ်မှတ်ထားရာ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုလျော့နည်းစေရန်...

သင်္ကြန်ရေမပက်ရန် အစိုးရ မေတ္တာရပ်ခံ

သင်္ကြန်ကာလအတွင်း ရေလောင်း၊ ရေပက်ခြင်းမပြုရန် တနင်္သာရီတိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံလိုက်သည်။ လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေသဖြင့် ကလေးသင်္ကြန်အပါအဝင် သင်္ကြန်ပွဲတော်ကာလတွင် ရေလောင်း၊ ရေပက်ခြင်းမပြုရန် မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

ကျေးရွာထွက်ကုန်များ မြိတ်ဈေးကွက်သို့‌ တင်ပို့ရာတွင် အခက်တွေ့

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်သည့် ငှက်ပျော၊ အုန်း၊ သရက်၊ ဟင်းသီးဟင်းရွက်စသည့် ဥယျာဉ်ခြံထွက်ကုန်များအား မြိတ်ဈေးကွက်သို့ တင်ပို့ရာတွင် ခက်ခဲမှုများရှိနေကြောင်း သိရသည်။ မြိတ်မှ တနင်္သာရီမြို့နယ်သို့ နေ့ချင်းပြန်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များမှာ သင်္ကြန်မတိုင်ခင်မှစပြီး လက်ရှိအချိန်ထိ ရပ်နားထားသဖြင့်...

အဖမ်းအဆီးများသဖြင့် ကမ်းနီးငါးဖမ်းလှေကြီးအချို့ ငါးဖမ်း မထွက်ရဲ

ပင်လယ်ပြင်တွင် တပ်မတော် (ရေ) မှ အရွယ်လွန်ကမ်းနီးငါးဖမ်းလှေများကို ယခုရက်ပိုင်းအတွင်း တင်းတင်းကျပ်ကျပ် လိုက်လံဖမ်းဆီးလာသဖြင့် ငါးဖမ်းမထွက်ရဲဖြစ်နေကြကြောင်း လောင်းလုံးမြို့နယ်အတွင်းရှိ ငါးဖမ်းလှေသမားများထံမှ သိရသည်။ ယင်းသို့ တင်းတင်းကျပ်ကျပ် လိုက်လံဖမ်းဆီးလာသည်မှာ သင်္ကြန်ပြီးကတည်းကဖြစ်ပြီး ယခုအချိန်တွင် အရွယ်လွန်ကမ်းနီးငါးဖမ်းလှေ အတော်များများ...

ရပ်ကျေးများ ဝါးတားဂိတ်ဖြင့် ပိတ်ဆို့ကန့်သတ်ခွင့်မရှိ ဟုဆို

ကိုဗစ် ၁၉ ရောဂါကာလတွင် ရပ်ကွက်ကျေးရွာများတွင် ရပ်ရွာအစီအစဉ်ဖြင့် ဝါးတားဂိတ်များလုပ်ကာ ပိတ်ဆို့ကန့်သတ်ခြင်း (LockDown) ပုံစံကဲ့သို့ လုပ်ခွင့်မရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါကူးစက်မှုများလာချိန်တွင် တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာအချို့တွင်...

ရဲအင်အား သုံးပုံနှစ်ပုံသုံးကာ သင်္ကြန်ကာလ လုံခြုံရေး ဆောင်ရွက်မည်

ကိုရိုနာဂယက်ကြောင့် သင်္ကြန်ပွဲတော်တွင် မဏ္ဍပ်များမရှိသော်လည်း သင်္ကြန်ကာလအတွင်း စုစုပေါင်း ရဲတပ်ဖွဲ့အင်အား၏ ၇၅ ရာခိုင်နှုန်းအထိ အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ပြောသည်။ သင်္ကြန်ကာလမတိုင်မီ ၇ ရက်ကြိုတင်ကာ မြို့လုံခြုံရေးအတွက် မြို့ဝင်/ ထွက်နေရာများတွင်...