29.5 C
Dawei
Sunday, August 14, 2022
Home Tags ထိုင်း

Tag: ထိုင်း

ထိုင်းတွင် ကားတိုက်မှုကြောင့်သေဆုံးသော တရားမဝင် မြန်မာလုပ်သားလေးဦးအတွက် လျော်ကြေးဘတ် ၂သန်းရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကားတိုက်မှုကြောင့် သေဆုံးသွားသော တရားမဝင် မြန်မာအလုပ်သမားလေးဦး အတွက် လျော်ကြေးငွေ ဘတ် ၂ သန်းကို ဩဂုတ်လ ၁၀ ရက်နေ့တွင် လက်ခံရရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ယခုနှစ်...

ထိုင်း ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၄၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကား လေးစီးဖြင့် တရားမဝင်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၃ ဦးကို ယနေ့ (ဩဂုတ် ၃) နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားကာ Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။

ကံပေါက်မှ ထိုင်းသို့ပို့လွှတ်သည့် ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်၍ ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်း

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသမှ ထိုင်းနိုင်ငံကို သွယ်တန်းထားသည့် PTTEP ကုမ္ပဏီ၏ ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်၍ ဓာတ်ငွေ့တင်ပို့မှုရပ်ဆိုင်းထားကြောင်း PTTEP International Limited ထံမှသိရသည်။ PTTEP ကုမ္ပဏီက ယနေ့ နံနက်ပိုင်းတွင် ကံပေါက်ဒေသရှိ ကုန်းတွင်းဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး ဓာတ်ငွေ့ဖိအားကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဝေါလေတိုက်ပွဲကြောင့် ထိုင်းသို့စစ်ဘေးရှောင်နေသည့် မြန်မာဒုက္ခသည် ၁၁၈ ဦးကို နေရပ်ပြန်ပို့

မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ၊တာခ့်ခရိုင် ဖို့ဖရာ့ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည် ၁၁၈ ဦးကို ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကရင်ပြည်နယ် မြဝတီမြိုနယ် ဝေါလေဒေသအတွင်း ဇွန်လကုန်ပိုင်းက...

ထိုင်း ခရိုင်နှစ်ခုတွင် တရားမဝင်ဝင်ရောက်လာသော မြန်မာလုပ်သား ၈၀ကျော် အဖမ်းခံရ

ထိုင်းနိုင်ငံ တာခ့်နှင့် ချင်းရိုင်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၈၁ ဦးကို ဇူလိုင်လ ၆ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း နယ်စပ်ထောက်လှမ်းရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။ တာခ့်ခရိုင် ထာ့ဆောင်ယန်ဒေသရှိ လမ်းမပေါ်တွင် ကားနှစ်စီးကို မသင်္ကာသဖြင့်...

ထိုင်းနိုင်ငံသား အသတ်ခံရမှုတွင် မြန်မာလုပ်သားသုံးဦးကို တရားစွဲ

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင် (Hat Yai) တွင် ထိုင်းနိုင်ငံသားအသတ်ခံရမှုနှင့် ပက်သက်၍ မြန်မာအလုပ်သမား သုံးဦးကို တရားစွဲဆိုထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၂၃ ရက်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ စွန်ခရာခရိုင်၊ ဟတ်ယိုင်မြို့နယ်ရှိ တောထဲ၌ ထိုင်းနိုင်ငံသားတစ်ဦး...

မြန်မာ ၁၆ဦး ထိုင်းကျွန်းပေါ်တွင် သုံးရက်ကြာ စွန့်ပစ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း လူမနေသောကျွန်းပေါ်တွင် သုံးရက်ကြာ စွန့်ပစ်ခံထားရသော မြန်မာ ၁၆ ဦးကို ယနေ့ (ဇွန် ၂၂) တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းရှိ လူသူမရှိသော ကော့ကမ်းနူကျွန်းတွင် မြန်မာများသည်...

ထိုင်းတွင် နှစ်ရက်အတွင်း တရားမဝင် ဝင်သည့် မြန်မာလုပ်သားနှစ်ရာကျော်အဖမ်းခံရ

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၁၄ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းတပ်မတော်က ယ‌နေ့ (ဇွန်၂၁) သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၉ရက်နှင့် ၂၀ ရက်တို့တွင် အဖမ်းခံရခြင်းဖြစ်သည်။

မြန်မာသို့ လက်နက်ရောင်းချသူအပါအဝင် လက်နက်မှောင်ခိုအဖွဲ့များကို ဖမ်းမိကြောင်း ထိုင်းရဲပြော

မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေသူအပါအဝင် လက်နက်မှောင်ခိုအဖွဲ့များကို ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၁၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံ မှုခင်းနှိမ်နှင်းရေးအဖွဲ့ (Crime Suppression Division) က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံရှိ ခရိုင် ၅ ခုတွင်...

ထိုင်းက လွှဲပေးသည့် မြန်မာ ၂၇ဝခန့်တွင် မူးယစ်ဆေးအမှုဖြင့်ပြစ်ဒဏ်ကျခံခဲ့ရသူအများစုပါဝင်

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရရာမှ လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦးကို ဇွန်လ ၇ ရက်နေ့တွင် ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါမြန်မာအလုပ်သမားများအနက် အမျိုးသား ၉၆ ဦးနှင့်...