27.7 C
Dawei
Thursday, August 18, 2022
Home Tags #တိုင်းလွှတ်တော်အစည်းအဝေး

Tag: #တိုင်းလွှတ်တော်အစည်းအဝေး

မွန်လွှတ်တော် နောက်ဆုံးအစည်အဝေး ဇန်နဝါရီတတိယပတ်တွင် ကျင်းပမည်

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ တတိယအပတ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ပြောသည်။ အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်း အဆိုတင်သွင်းတို့အပြင် ပုဂ္ဂလိက မော်တော်ယာဉ်(ယထက) ဥပဒေကြမ်းနှင့်...

လွှတ်တော်သို့ ရောက်ရှိသွားသည့် ရေကြည်ငါးဖမ်းမှု

လောင်းလုံးမြို့နယ်နှင့် ဆက်စပ်လျက်ရှိသော မြန်မာ့ပင်လယ်ပြင်တွင် ဒေသအခေါ် ရေကြည်ငါး(ငါးနီတူ)များအား တရားမဝင်ဖမ်းဆီးမှု များပြားလာနေမှုနှင့်ပတ်သက်၍ သြဂုတ်လ ၄ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂၊ လောင်းလုံးဒေသကိုယ်စားပြု အမျိုးသားလွှတ်တော်အမတ်...

၀န်ကြီးချုပ်ပြောင်းပြီးနောက် လွှတ်တော်၏ အဆိုနှင့် မေးခွန်း ထက်ဝက် ကျ

လက်ရှိအစိုးရလက်ထက်တွင် တနင်္သာရီတိုင်းအတွင်း ဝန်ကြီးချုပ်နှစ်ဦး တာဝန်ထမ်းဆောင်ခဲ့ရာ ဝန်ကြီးချုပ် အပြောင်းအလဲနောက်ပိုင်း တိုင်းလွှတ်တော်၏ မေးခွန်းမေးမြန်းမှု ထက်ဝက် လျော့နည်းသွားခဲ့သည်။ ဒေါက်တာလဲ့လဲ့မော်လက်ထက်က လွှတ်တော်အစည်းအဝေးတစ်ကြိမ် ကျင်းပလျှင် ပျမ်းမျှမေးခွန်း ၃၀ ခန့် မေးမြန်းခဲ့ပြီး ဝန်ကြီးချုပ် ဦးမြင့်မောင်လက်ထက်တွင်...

ကော့သောင်းမြို့ပြစီမံကိန်း လွှတ်တော်အတည်ပြု

တနင်္သာရီတိုင်း၏ ခုနှစ်ခုမြောက် မြို့ပြစီမံကိန်းဖြစ်သော ကော့သောင်းမြို့ပြစီမံကိန်းကို မေလ ၂၇ ရက်က ပြုလုပ်သော တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေတွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။ ကော့သောင်းမြို့ပြစီမံကိန်းကို ရော်ဘာ၊ ဆီအုန်း၊ ငါးဖမ်းလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ဆိပ်ကမ်းမြို့ စသည့်...

ဒေါက်တာလဲ့လဲ့မော် မဲဆန္ဒနယ် လစ်လပ်နေရာ သတ်မှတ်

အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် နှစ်၃၀ကျခံနေရသော ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲလိုက်ပြီး သရက်ချောင်းမဲဆန္ဒနယ်အမှတ် (၁) အားလစ်လပ်နေရာအဖြစ် သတ်မှတ်လိုက်သည်။ မေလ၂၇ရက်တွင်ကျင်းပခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ယင်းသို့သတ်မှတ်ကြောင်းကြေညာခဲ့ခြင်း ဖြစ်သည်။

တိုင်းလွှတ်တော်က မြေယာ အငြင်းပွားမှု စောင့်ကြည့်ရေး အဖွဲ့တစ်ခု အသစ်ဖွဲ့စည်း

တနင်္သာရီတိုင်းလွှတ်တော် မြေယာအငြင်းပွားမှု စောင့်ကြည့်ရေးအဖွဲ့ တစ်ခုကို ဇွန်လ ၄ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းလိုက်သည်။ ယင်းအဖွဲ့ကို ကျွန်းစုမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ဥက္ကဋ္ဌအဖြင့် တာဝန်ယူမည်ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်သုံးဦးအပါအဝင် စုစုပေါင်းအဖွဲ့ဝင်ကိုးဦး...

စံချိန်စံညွှန်းမပြည့်သော တည်ဆောက်ရေးလုပ်ငန်း ၃၀ ကျော်ကို လွှတ်တော်ကော်မတီ ဖော်ထုတ်

တနင်္သာရီတိုင်းအတွင်း တိုင်းအစိုးရစီမံကွပ်ကဲမှုဖြင့် ဆောက်လုပ်နေသော လမ်း၊ တံတား၊ အဆောက်အအုံများစသည့် တည်ဆောက်ရေးလုပ်ငန်းများ၏ လျော့ရဲနေသော အခြေအနေကို တိုင်းလွှတ်တော်ကော်မတီတစ်ခုက မြေပြင်ကွင်းဆင်းလေ့လာပြီး အစီရင်ခံစာတစ်စောင်ကို တိုင်းလွှတ်တော်ထံတင် သွင်းခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တို့တွင် ဆောင်ရွက်ခဲ့သည့်...

ကမ်းဝေးငါးဖမ်းလှေ မေးခွန်းကို ငါးပါးသီလခံပြီးမှဖြေရန် လွှတ်တော် အမတ်ပြော

ကမ်းဝေး ဝါတန်းငါးဖမ်းလှေကြီးများသည် လိုင်စင်မရှိသော အကူမီးထွန်းလှေများဖြင့် ငါးဖမ်းဆီးနေသည်ကို ငါးလုပ်ငန်းငန်းဦးစီးဌာနမှ သိရှိခြင်းရှိ/မရှိ မေးခွန်းကိုဖြေမည်ဆိုပါက အရင်ဆုံးငါးပါးသီလခံပြီးမှဖြေဆိုရန် တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောဆို လိုက်သည်။ မေလ ၂၀ ရက်ကပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကျွန်းစုမြို့နယ်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က...

တိုင်းလွှတ်တော်တွင် ကိုဗစ်အကြောင်း လုံးဝမပြော

ကိုဗစ်ကပ်ရောဂါအကြားတွင် ကျင်းပနေသည့် တိုင်းလွှတ်တော်အစည်းအဝေး လေးရက်စလုံးတွင် ကိုဗစ်ကပ်ရောဂါနှင့် ပတ်သက်ပြီး တိုင်းအစိုးရက ကိုင်တွယ်ဖြေရှင်းနေသည့်ကိစ္စအကြောင်းကို ဆွေးနွေးပြောဆိုခြင်း မရှိပေ။ မြေပြင်တွင်မူ တိုင်းအစိုးရ၏ ကိုဗစ်ကပ်ရောဂါကိုင်တွယ် လုပ်ဆောင်ပုံကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်ခံနေရသည်။ လက်ရှိတွင်...

တိုင်းလွှတ်တော်အစည်းအဝေး ရက်အကန့်အသတ်မဲ့ရွှေ့

ဧပြီလ ၁ရက်တွင် ကျင်းပရန်ရှိသော တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ၁၆ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ရက်အကန့်အသတ်မဲ့ ရွှေ့ဆိုင်းလိုက်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ လက်ရှိဖြစ်ပွားနေသည့်ကိုရိုနာ ဗိုင်းရပ်စ်အရေးကြောင့် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။