ဝယ်ရလွယ်ပြီး စျေးပေါလာတဲ့ မူးယစ်ဆေး

တနင်္သာရီတိုင်းတွင် မူးယစ်ဆေးသုံးသူ အလွန်ပေါများလာနေသည်။ WY စိတ်ကြွဆေးပြားနှင့် ရေခဲဟုခေါ်သည့် Ice တို့မှာ ဝယ်ယူရ အလွန်လွယ်ကူလာသည်။ ယင်းကြောင့်ပင် ဆေးသုံးသူများမှာ နေရာအနှံ့တွေ့လာနေရသည်။ အာဏာမသိမ်းမီအချိန်က WY စိတ်ကြွဆေးတစ်ပြားလျှင် ၂၅၀၀ ကျပ်ဈေးရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ၁၀၀၀ ကျပ်မှ ၁၅၀၀...

စံချိန်တင်တက်လာတဲ့ ကော့သောင်းက မီတာခ

ကော့သောင်းမြို့တွင် ဖိုးသီးချိုကုမ္ပဏီက ဒီဇယ်ဆီသုံးအင်ဂျင်ဖြင့် လျှပ်စစ်မီးဖြန့်ဝေသည်။ ဖိုးသီးချိုသည် လျှပ်စစ်ဌာနတွင်တင်ဒါအောင်ပြီး ရပ်ကွက်အများစုကို ဖြန့်ဖြူးနေပြီး သီးသန့်ပုဂ္ဂလိကအစီအစဉ်ဖြင့်လည်း ရပ်ကွက်နှစ်ခုကို ဖြန့်ဖြူးလျက်ရှိသည်။ လျှပ်စစ်ဌာနတွင် တင်ဒါအောင်ပြီး ဖြန့်ဖြူးခြင်းကို ဒေသခံတို့က EPC မီးဟုခေါ်ဆိုကြပြီး ပုဂ္ဂလိက အစီအစဉ်ဖြင့် ဖြန့်ဖြူးခြင်းကို ဖိုးသီးချိုမီးဟု...

ရပ်ကျေးအုပ်ချုပ်ရေး ဘာတွေဖြစ်နေလဲ

စစ်အာဏာသိမ်းပြီး ချိန်မှစကာ ဒေသအတော်များများတွင် ရပ်ကျေးအုပ်ချုပ်ရေးများ ရပ်တန့်သွားသလို အချို့ဒေသများတွင် စစ်ကောင်စီတပ်က ကြီးစိုးထားသည်။ လွတ်မြောက်ဒေသအချို့တွင်မူ တော်လှန်ရေးအဖွဲ့များက အုပ်ချုပ်ရေးတွင် ပါဝင်လုပ်ဆောင်နေကြသည်။ သို့သော် ဒေသအများအပြားမှာတော့ တရားဥပဒေအရ ဖြေရှင်းပေးနိုင်ခြင်း...

ကိုဗစ်လှိုင်းဒဏ် ခံနေရပြီလား

ဆောင်းရာသီဝင်ရောက် လာချိန်တွင် ရာသီအကူးအပြောင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော ဖျားနာမှုနှင့်အတူ ကိုဗစ်နိုင်တင်းရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာနေသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ကိုဗစ်ကူးစက်ခံရသူများ ဆက်တိုက်တွေ့ရှိလာပြီး သေဆုံးမှုများလည်း ဖြစ်ပေါ်နေသည်။ တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အောက်တိုဘာ...

ထိုင်းထွက်ကြလို့ ရော်ဘာမခြစ်တော့

တိုင်းပြည်တည်ငြိမ်မှု မရှိသည့်အပြင် နယ်မြေမအေးချမ်းမှုများကြောင့် တနင်္သာရီတိုင်းအတွင်း နေထိုင်သူများမှာ ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံတို့သို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြသည်။ အလုပ်လုပ်နိုင်သည့် အသက်အရွယ်ဖြစ်သော လူငယ်၊လူရွယ်များမှာ တိုင်းအတွင်းမရှိကြတော့ပေ။ ယင်းသို့ပင် တိုင်းပြင်ပမှ လာရောက်လုပ်ကိုင်သူများမှာလည်း နယ်မြေမအေးချမ်းသဖြင့်...

ပွင့်လင်းရာသီ ခရီးသွားတွေ မလာတော့

မြန်မာနိုင်ငံ၏ ခရီးသွားမြို့တော်တစ်ခုဖြစ်သော တနင်္သာရီတိုင်းမှာ ကပ်ဘေးနှစ်ခုကြောင့် ခရီးသွားများ မလာကြတော့ပေ။ ခရီးသွားဧည့်သည်များကို မှီခိုရပ်တည်ကြသည့် လုပ်ငန်းများမှာလည်း ရပ်ဆိုင်းကုန်ကြပြီဖြစ်သည်။ ကိုဗစ်အလွန်ကာလတွင် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းတွင် ခရီးသွားဧည့်သည်များနှင့် စည်ကားနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ...

တံခါးပိတ်ထားတဲ့ အိမ်လေးတွေ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်မှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်သည်။ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဂယက်အဖြစ် ပဋိပက္ခနှင့် အထွေထွေအကျပ်အတည်းဒဏ်ကို ပြည်သူများခံစားနေကြရပြီး နယ်ဒေသများတွင် ပိတ်ထားသည့် အိမ်လေးများ တိုးတိုးလာခဲ့ပြီဖြစ်သည်။ နယ်ဒေသမှသူများအတွက် အိမ်ဆိုသည်က...

နှစ်သစ်ကို ကြိုချင်ကြလား

ဒီဇင်ဘာလ ၃၁ ရက်နေ့ရောက်ပြီဆိုလျှင် ကမ္ဘာနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း လူငယ်၊ လူကြီး၊ လူလတ်မရွေး အားလုံး နှစ်သစ်ကိုကြိုဖို့ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပေပြီ။ သို့သော် မြန်မာနိုင်ငံသားတွေ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းနိုင်ကြ။ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့်...

လုပ်ငန်းရှင်လောင်းမှ ရွှေ့ပြောင်းလုပ်သမားဘဝသို့ ပြန်ရောက်သွားသူများ

မွေးရပ်မြေကို စွန့်ခွာကာ နိုင်ငံရပ်ခြားတွင် ရွှေ့ပြောင်းအလုပ်သမားဘဝဖြင့် ဘဝကို ရုန်းကန်ခဲ့ကြရဖူးသည်။ အလုပ်လုပ်ရင်း ဥစ္စာလည်းရှာ အတတ်ပညာကိုလည်း ကြိုးပမ်းလေ့လာသင်ယူကာ မွေးရပ်မြေပြန် အခြေချချိန် ဘဝရပ်တည်နိုင်ရေး မျှော်လင့်ထားခဲ့ကြသည်။ ငွေကြေးအရင်းအနှီးလည်းရ၊ သက်မွေးဝမ်းကြောင်း အတတ်ပညာလည်းပါလာပြီးနောက် မွေးရပ်မြေ တနင်္သာရီတိုင်း...

တံတားတွေပိတ်စစ်လို့ ဒုက္ခပိုကြီးလာတဲ့ ပြည်သူတွေ

စစ်ကောင်စီတပ်က လုံခြုံရေးကြောင့်ဆိုကာ တံတားများရုတ်တရက်ပိတ်ကာ နာရီပေါင်းများစွာ ကြာအောင် စစ်ဆေးမှုများကြောင့် ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့လာရသည်။ ယခုနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ မြို့များတွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ တံတားများ မကြာခဏပိတ်ဆို့ စစ်ဆေးမှုများရှိလာနေသည်။