အမှိုက်နှင့်အတူ အကျင့်ကောင်းများ စွန့်ပစ်ခံလိုက်ရခြင်း

အမှိုက်နှင့်ပတ်သက်လျှင် ထားဝယ်မြို့မှာ ချီးမွှန်းခံရလေ့ရှိသည်။ အမှိုက်ကင်းစင်နေသည့် လမ်းမကြီးများက မနက်ခင်းတိုင်းကို ကြိုဆိုနေစမြဲပင်။ အာဆီယံ အသန့်ရှင်းဆုံးဆုရသည့်မြို့အဖြစ်လည်း ဂုဏ်ယူဝံ့ကြွားခဲ့ကြရသည်။ ထားဝယ်မြို့တွင် စနစ်တကျ စည်းကမ်းရှိရှိ အမှိုက်သိမ်း၊ အမှိုက်စွန့်သည့် အလေ့အထ ရာနှုန်းပြည့် မစွမ်းဆောင်‌နိုင်သေးသော်လည်း အရှိန်ရနေပြီဟု...

သတ်သေမှုတွေ များလာတာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှု၊ စိတ်မလုံခြုံမှုနှင့် အနာဂတ်ပျောက်ဆုံးမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ ပိုများလာနေသည်။ တနင်္သာရီတိုင်းထဲတွင်လည်း ယင်းသို့သတ်သေသည့် ဖြစ်စဉ်များ ပိုများလာနေသည်။ သတ်သေမှုများတွင် ကြိုးဆွဲချသတ်သေမှု၊ မြက်သတ်ဆေးသောက်သေဆုံးမှု၊ တံတားပေါ်က...

ကိုဗစ်၊ ကိုစစ်ကြားက သဘင်သည်များ

ကိုဗစ်ကူးစက်ရောဂါကြောင့် ရပ်နားထားရသည့် ဇာတ်ပွဲများမှာ ကိုဗစ်အလွန်တွင်လည်း ကိုစစ်ဟု ခေါ်ဆိုကြသည့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော တိုက်ပွဲများ၊ နယ်မြေမအေးချမ်းမှုများကြောင့် ဇာတ်ကနိုင်ခြင်း မရှိကြသေးပေ။ ဇာတ်သဘင် လုပ်ငန်းများ ရပ်နေသည်မှာ ၃ နှစ်နီးပါးရှိလာသည်နှင့်အမျှ ဇာတ်ပွဲများကို မှီခိုနေကြရသည့်...

စုဖွဲ့နိုင်ရေး အဖြေရှာလာသည့် တောင်ပိုင်းတော်လှန်ရေး အင်အားစုများ (၁)

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်များ၏ ခုခံတွန်းလှန်စစ်နှင့်အတူ နိုင်ငံရေးအစုအဖွဲ့များလည်း အားကောင်းလာကြသည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အင်အားစုအသီးသီးဖြင့်ဖွဲ့စည့်ထားသော မြို့နယ်အလိုက် နိုင်ငံရေးအင်အားစုများမှာ တနင်္သာရီတိုင်းအတွင်း ၂၀၂၂ ခုနှစ်ဝန်းကျင်တွင် စတင်ပေါ်ပေါက်လာသည်။ ထိုနောက် မြို့နယ်အစုအဖွဲ့များကို...

တနင်္သာရီတိုင်းက ခရီးသွားလုပ်ငန်းတွေ ပြန်စတော့မလား

တနင်္သာရီတိုင်းတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းလုပ်ဆောင်နေသည်။ မြိတ်နှင့် ကော့သောင်းတွင်း ခရီးသွားလုပ်ငန်းအချို့ ပြန်စနေပြီဖြစ်သော်လည်း ထားဝယ်ခရိုင်တွင်မူ ခရီးသွားလုပ်ငန်းများ ရာနှုန်းပြည့်ရပ်တန့်နေဆဲဖြစ်သည်။ ထားဝယ်ခရိုင်မှာ တနင်္သာရီတိုင်းအတွင်း အာဏာရှင်စနစ်ကို အပြင်းထန်ဆုံး...

‘ပြည်သူ့အိမ်တွေ ဘာလို့မီးရှို့နေတာလဲ’

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ်အောက်တိုဘာလကုန်အထိ တစ်နိုင်ငံလုံးတွင် နေအိမ်၊ အဆောက်အအုံ ပေါင်း ၃၈၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ISP ။ Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။ ပြည်သူလူထု၏ နေအိမ်များကိုမီးရှို့မှုမှာ...

ဥတုဘေးနဲ့ တောင်ပိုင်းသားများ

မုတ်သုန်ဆုတ်သွားသည်မှာ ရက်ပေါင်း ၄၀ ခန့်ရှိသော်လည်း တနင်္သာရီတိုင်းတွင် မိုးရာသီအလား မိုးရွာသွန်းမှုများရှိနေသည်။ တနင်္သာရီတိုင်းမှာ ယခင်က မိုးများသည့်ဒေသတစ်ခု ဖြစ်သော်လည်း ဥတုဖောက်ပြန်မှုများကြောင့် လွန်ခဲ့သည့် ဆယ်နှစ်‌ကျော်တုန်းက အခြေအနေမျိုး မဟုတ်ဘဲ မိုးရွာသွန်းမှု ပုံစံများပြောင်းလဲလာနေသည်။

အားကိုးရာမဲ့ ပြည်သူတွေ

စစ်တပ်အာဏာသိမ်းမှုမှာ ၂ နှစ်နီးပါးရောက်ရှိလာချိန်တွင် ဒေသအများအပြားတွင် မတည်ငြိမ်မှု၊ ခိုး၊ဆိုး၊လုယက်၊ဓားပြတိုက်မှု၊ အသတ်ခံရမှု ဖြစ်စဉ်များ ဖြစ်ပွားနေသည်။ ပြည်သူလူထုမှာ အခြေခံလူ့အခွင့်အရေးပင် မရတော့ဘဲ မြင်မြင်ရာ ကြောက်နေရသည့် အခြေအနေကို ဆိုက်ရောက်လာသည်။

ဆေးသမားတွေကို ကြောက်နေရတယ်

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုများကြောင့် မူးယစ်ဆေးထုတ်လုပ်မှုနှင့် မှောင်ခိုတင်ပို့မှုတိုးလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုရုံး (UNODC) အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ယခုနှစ်ဆန်းပိုင်းက ပြောဆိုထားသည်။ တည်ငြိမ်မှု၊ ဥပဒေစိုးမိုးမှု အားနည်းနေသည့် မြန်မာနိုင်ငံရေး အခြေအနေကြောင့်...

“ကျန်းမာရေး စောင့်ရှောက်မှုမရတဲ့ ကျေးလက်ကပြည်သူတွေ”

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများထဲတွင် CDM ဟု လူသိများသည့် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ မြန်မာတစ်နိုင်ငံလုံးတွင် အားကောင်းခဲ့သည်။ တနင်္သာရီတိုင်းတွင်လည်း CDM လှုပ်ရှားမှုမှာ အလွန်အားကောင်းခဲ့ပြီး ကျန်းမာရေးနှင့် ပညာရေးနယ်ပယ်မှ အများစုမှာ ယင်းလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သည်။