မွန်တွင် လူစုလူဝေးလုပ်သူကို စတင် အရေးယူ

လူစုလူဝေးဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းကို စတင်တရားစွဲဆိုလိုက်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူးမှ...

သတ်မှတ်နေရာတွင် မနေသည့် ပြည်ပပြန်များကို အရေးယူမည်

ပြည်ပမှ ပြန်လည်ဝင်ရောက်သူများအနေနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်သတ်မှတ်ထားသည့် သီးခြားနေရာတွင်မနေပါက အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ပြောဆို လိုက်သည်။ မတ်လ ၂၂ ရက် နောက်ပိုင်း ပြည်ပမှပြန်လည်ဝင်ရောက်လာသူများသည် မြို့နယ်အလိုက် သီးခြားသတ်မှတ် ထားသည့်နေရာ (Community Based...

ကိုရိုနာအရေးပေါ်အတွက် တပ်မတော် အသင့်ပြင်

ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးအတွက် တပ်မတော်ကလည်းအဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်းတနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးအရေးပေါ်အခြေအနေအတွက် တနင်္သာရီတိုင်းအတွင်းရှိ တပ်မတော်ဆေးရုံများသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တပ်မတော်ဆေးရုံများကိုပါအသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ “အားလုံးကတော့အဆင်သင့်လုပ် ထားတာပေါ့။ အခုတို့တပ်မတော်ဆေးရုံတွေဆိုလို့ရှိရင်တကယ်လို့ဖြစ်လာခဲ့ရင်ဘယ်သူမဆိုပေါ့။...

တနင်္သာရီတိုင်းအတွင်းရှိ နိုင်ငံခြားသားများ ကျန်းမာရေးစစ်ဆေးချက် ရှိရမည်

တနင်္သာရီတိုင်းအတွင်း လုပ်ငန်းခွင်အမျိုးမျိုးတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအနေနှင့် ကျန်းမာရေးဌာန၏ ကျန်းမာရေးစစ်ဆေးပြီး စစ်ဆေးချက်လက်မှတ်ယူရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် တိုင်းအတွင်းရှိ နိုင်ငံခြားသားများအနေဖြင့် ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပြီး စစ်ဆေးပြီးကြောင်း အတည်ပြုချက်လက်မှတ်ရှိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ထိုသို့နိုင်ငံခြားသားများကို...

တနင်္သာရီအစိုးရကို စွဲဆိုထားသည့်အမှု တရားရုံးလက်ခံ၊ မေလ ၁၅ ရက်နေ့ စစစ်မည်

အစိုးရ၏ ဆုံးဖြတ်လုပ်ဆောင်မှုများကြောင့် ဆုံးရှုံးနစ်နာရသည်ဟုဆိုကာ လျော်ကြေးငွေကျပ်သိန်းပေါင်းငါးသောင်းရလိုမှုဖြင့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက အစိုးရကိုတရားစွဲဆိုမှုကို တိုင်းတရားလွှတ်တော်က လက်ခံလိုက်ပြီဖြစ်သည်။ စူပါလိုကယ်ကုမ္ပဏီ၏ဆုံးရှုံးမှုများအတွက် လျော်ကြေးငွေရလိုမှုဖြင့်စွဲဆိုရာတွင် ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီး၊ တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းလူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန...

ရဲအင်အား သုံးပုံနှစ်ပုံသုံးကာ သင်္ကြန်ကာလ လုံခြုံရေး ဆောင်ရွက်မည်

ကိုရိုနာဂယက်ကြောင့် သင်္ကြန်ပွဲတော်တွင် မဏ္ဍပ်များမရှိသော်လည်း သင်္ကြန်ကာလအတွင်း စုစုပေါင်း ရဲတပ်ဖွဲ့အင်အား၏ ၇၅ ရာခိုင်နှုန်းအထိ အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ပြောသည်။ သင်္ကြန်ကာလမတိုင်မီ ၇ ရက်ကြိုတင်ကာ မြို့လုံခြုံရေးအတွက် မြို့ဝင်/ ထွက်နေရာများတွင်...

အသေးစားချေးငွေလုပ်ငန်းများ ပိတ်မည်ကို စိုးရိမ်

ကိုရိုနာဗိုင်းစ်ရပ် ကူးစက်မှုလျှော့ချရန် လူစုခွဲသည့်အနေဖြင့် အသေးစားချေးငွေလုပ်ငန်း ဝန်ဆောင်မူပေးနေသည့် ကုမ္ပဏီများငွေမချေးတော့ဘဲ ပိတ်လိုက်မည်ကို ယင်းလုပ်ငန်းများတွင် ပုံမှန်ငွေချေးနေသူ လက်လုပ်လက်စားအချို့က စိုးရိမ်လျက်ရှိသည်။ ယင်းကုမ္ပဏီတို့မှ ချေးငွေထုတ်ချေးခြင်းမရှိတော့ပါက တရားမဝင်ငွေချေးနေသူများထံ အတိုးနှုန်းကြီးစွာဖြင့် ငွေချေးရတော့မည်ဖြစ်ကြောင်း ထားဝယ်မြို့မြောက်ရွာရပ်ကွက်တွင် နေထိုင်သည့် လက်လုပ်လက်စားအချို့က...

ကလိန်အောင်ချောင်းတွင် တရားမဝင်ရွှေဖောင်များ ဖမ်းမိ

ကလိန်အောင်မြို့၊ ကလိန်အောင်ချောင်းတွင် တရားမဝင်ရွှေတူးဖော်နေသည့် ရွှေဖောင်လေးဖောင်နှင့်အတူ လူခြောက်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကလိန်အောင်နယ်မြေရဲစခန်းထံမှ သိရ သည်။ သတင်းအရ မောရဝတီရေတပ်စခန်းမှ မတ်လ ၂၉ ရက် ညနေတွင် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါနယ်မြေရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

နယ်စပ်ဖြစ်ကျော်ခွင့်ဖြင့် ငါးရောင်းသည့် ထိုင်းနှစ်ဦး အဖမ်းခံရ

နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (BP) ကိုင်ဆောင်ထားပြီး ထားဝယ်တွင်ငါးဝယ်ကာ ထိုင်းနိုင်ငံသို့ ပို့နေသည့် ထိုင်းနိုင်ငံသားနှစ်ဦးကို ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် အရေးယူထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၂၉ ရက်တွင် လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ကသတင်းအရ...

ကုန်ပစ္စည်းဈေး အဆမတန် တင်ရောင်းက ဖုန်းဆက်တိုင်ပါ

တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်အရေးအကြောင်းပြကာ ကုန်ပစ္စည်းဈေးနှုန်းကို အဆမတန်တင်ရောင်းပါက စားသုံးသူရေးရာဦးစီးဌာနထံ ဖုန်းဆက်တိုင်ကြားနိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ အထက်ပါဌာန၏ တိုင်းဒေသကြီးဦးစီးမှူး၏ တယ်လီဖုန်းအမှတ် ဝ၉၅၁၂၇၃၈၇၊ ဝ၅၉၂၀၂၁၀၅၆၊ ဝ၅၉၂၀၂၁၂၀၄ ထံ ဆက်သွယ်တိုင်ကြားနိုင်သည်။