ထားဝယ်တွင် ဘဏ်အပ်ငွေ ရာခိုင်နှုန်းပေးပြီး ထုတ်သူများလာ
ပုဂ္ဂလိကဘဏ်များ ဒေဝါလီခံမည်ဆိုသည့် ကောလာဟလသတင်းကြောင့် ထားဝယ်မြို့တွင် ဘဏ်အပ်နှံငွေများကို ရာခိုင်နှုန်းပေးပြီး ပြန်ထုတ်သူများလာကြောင်း စုံစမ်းသိရှိရသည်။ ဘဏ်အပ်နှံငွေများကို သက်ဆိုင်ရာဘဏ်က အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေသဖြင့် ငွေထုတ်လိုသူများမှာ ဘဏ်အကောင့်ထဲမှငွေကို ငွေသားပေးမည့်သူထံလွှဲပြောင်းပေးပြီး သတ်မှတ်ရာခိုင်နှုန်းပေးကာ ငွေသားထုတ်ယူကြခြင်းဖြစ်သည်။
မြိတ်မြို့ စက်သုံးဆီဆိုင်များတွင် ဆီအကန့်အသတ်သာ ဝယ်ခွင့်ရ
မြိတ်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တို့တွင် စက်သုံးဆီ လိုသလောက်ဝယ်ယူခွင့်မပေးဘဲ အကန့်အသတ်ဖြင့် ရောင်းချနေကြကြောင်း စက်သုံးဆီဝယ်ယူအသုံးပြုသူတို့ထံမှ သိရသည်။ မြို့တော်အလိုက် စက်သုံးဆီဈေးနှုန်းများကို စစ်ကောင်စီ၏ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်သတ်မှတ်ပေးပြီး ဇူလိုင် ၇ ရက်မှ စတင်ကာ 92...
ထိုင်းတွင် ကားတစ်စီး ရေစီးထဲမျောပါ၊ မြန်မာလုပ်သား နှစ်ဦးပျောက်ဆုံး
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ယနေ့ ကားတစ်စီး ရေထဲမျောပါသွားပြီး ကားပေါ်လိုက်ပါလာသည့် မြန်မာအလုပ်သမား နှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ထိုင်းနိုင်ငံသား မောင်းနှင်လာပြီး မြန်မာအလုပ်သမား ၂ ဦး လိုက်ပါလာသော ပစ်ကပ်ကားသည်...
ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
မွန်ပြည်နယ်၊ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခ) ဆဒ္ဒန် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခ) ဆဒ္ဒန်သည် ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၂...
ဘဝပင်ရွာအနီးက ပြည်သူ့ကာကွယ်ရေး တပ်စခန်းဟောင်း မီးရှို့ခံရ
ထားဝယ်မြို့နယ် ဘဝပင်ကျေးရွာအနီးတောထဲရှိ ပြည်သူ့ကာကွယ်ရေးတပ်၏ စခန်းဟောင်းတစ်ခုကို ဇူလိုင်လ ၁၉ ရက်က စစ်ကောင်စီ တပ်ဖွဲ့က စစ်ဆေးတွေ့ရှိသဖြင့် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ဘဝပင်ရွာမှ ဒေသခံနှစ်ဦးကို ဖမ်းဆီးကာ လမ်းပြခိုင်းပြီး ဝင်ရောက်ရှာဖွေရာမှ ယင်း PDF စခန်းဟောင်းတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က...
နဘုလယ်ဒေသ ထွက်ဝရွာတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထွက်ဝရွာတွင် ယနေ့ (ဇူလိုင် ၂၀) နေ့လယ်ပိုင်းက အမျိုးသားနှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ ပစ်သတ်ခံရသူနှစ်ဦးမှာ အသက် ခြောက်ဆယ်ဝန်းကျင်အရွယ်ရှိ ဦးစံအေးနှင့် ဦးအေးသားဆိုသူတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပုလော ပဝတ်ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက် ခံရပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်က မင်းထိန်ရွာမှ ပဝတ်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး ရွာထိပ်အရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း...
ပုလော ပြည်သူ့ကာကွယ်ရေးတပ်များ ပြည်ထောင်စုလမ်းပေါ် ဂိတ်ဖွင့်စစ်ဆေး
မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုသည် မြိတ်-ပုလော- ထားဝယ်သွားသည့် ပြည်ထောင်စုလမ်းပေါ်တွင် ဂိတ်ဖွင့်ကာ စစ်ဆေးလာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုသည် ဇူလိုင် ၁၈ ရက်နေ့မှစတင်ကာ ပြည်ထောင်စုလမ်းပေါ်ရှိ ပဝတ်ကုန်းကျေးရွာမှနေ၍ ဖြတ်သန်းသွားလာသည့်ယာဉ်များအား...
ထားဝယ်မြို့ အာဇာနည်ဗိမာန်အနီးတွင် မိုင်းပေါက်
ထားဝယ်မြို့ အာဇာနည်ဗိမာန်အနီးတွင် ယနေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ထားဝယ်မြို့၊ အာဇာနည်ဗိမာန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တိုင်းလွှတ်တော်ရုံးအနီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မိုင်းပေါက်ကွဲမှု အသံကို နေ့လယ် ၁၁...
သဘော့ဆိပ်ပြင်ကြီးရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (ဇူလိုင် ၁၉) နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ဦးဇော်လတ်ဆိုသူဖြစ်ပြီး ကရင်ကြီးကျေးရွာမှ ပြင်ကြီးဖက်သို့ လာစဉ်...