ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0
488

မွန်ပြည်နယ်၊ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခ) ဆဒ္ဒန် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခ) ဆဒ္ဒန်သည် ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပစ်သတ်ခံရခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းသည် အသုဘပို့ရင်း သုဿာန်တွင်ရှိနေစဥ် သေနတ်သမားတို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။

” ဥက္ကဋ္ဌက အသုဘပို့သွားတာ သုသာန်မှာပဲ သေနတ်သမားက ဝင်ပစ်သွားတာ၊ ၄/၅ ချက်လောက် ပစ်ခံထိပြီး လဲကျသွားတာ နေရာမှာပဲ ဆုံးသွားတယ်” ဟု ရွာခံတစ်ဦးက ပြောသည်။

ဒေသခံပြည်သူတို့၏ တိုင်ကြားချက်ကြောင့် ဦးစန်းဝင်းကို ရှင်းလင်းခဲ့သည်ဟု ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခ) ဆဒ္ဒန်သည် မွန်အဆိုတော်တစ်ဦးဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့ဖူးသည်ဟု သိရသည်။