ဘုတ်ပြင်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သားအချို့ အထိအခိုက်ရှိဟုဆို

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြိုနယ်၊ ရတနာပုံကျေးရွာအနီးတွင် မေလ ၅ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။ လေညာ-ရတနာပုံလမ်းတွင် မေလ ၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ခဲ့ပြီး...

မလေးရှားတွင် မြန်မာဒုက္ခသည်များအရေး အကူအညီပေးနေသူနှင့် မိသားစုဝင်များ အမည်မသိ အဖွဲ့၏ဖမ်းဆီးမှုခံရ

မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်များနှင့် အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော မသူဇာမောင်နှင့် မိသားစုဝင်များကို အမည်မသိ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(Human Rights Watch) အဖွဲ့က ယနေ့ (ဇူလိုင် ၁၇) တွင် ထုတ်ပြန်ခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ပြန်ဖွဲ့

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအား တပ်ကောင်စီက မေလအစောပိုင်းတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(အငြိမ်းစား) ဖြစ်သူ ဦးအောင်စိုးက ဥက္ကဋ္ဌတာဝန်ယူထားသည်။ ယခင်က ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန...

လမ်းဘေးပလက်ဖောင်းပေါ်တွင် မီးတိုင်၊ ဖုန်းတိုင်များ စိုက်ထူမှု ဝေဖန်မှုမြင့်

ထားဝယ်မြို့အတွင်းရှိ နေရာ အချို့တွင် လမ်းဘေးပလက်ဖောင်းပေါ် လျှပ်စစ်မီးတိုင်နှင့် ဖုန်းတိုင်များ စိုက် ထူနေမှုအပေါ် ပြည်သူများအကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။ လမ်းဘေးပလက်ဖောင်းပေါ်တွင် တိုင်များ စိုက်ထူထားသည့်အတွက် လမ်းလျှောက်သူများအနေဖြင့် လမ်း မပေါ် ဆင်းလျှောက် နေရသောကြောင့် ယာဉ်တိုက်ခံရနိုင်ပြီး တာဝန်ရှိသူများ အနေဖြင့် ကြီးကြပ်မှု အားနည်းနေသည် ဟုမြင်ကြောင်း...

ရေခူရှားပါးလာသဖြင့် ဈေးတက်

မြိတ်ပင်လယ်ပြင်အတွင်း Jellyfish ခေါ် ရေခူ ရှားပါးလာပြီး ဈေးနှုန်းလည်း ယခင် ၂နှစ်ကထက် နှစ်ဆကျော်မြင့်တက်လာကြောင်း ရေခူလုပ်ငန်းလုပ်ကိုင်ကြသူများထံမှ သိရသည်။ ယခင် ၂ နှစ်ခန့်က ရေခူအခြောက်တစ်ပိဿာ ကျပ် လေးထောင်ဝန်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် တစ်ပိဿာ...

အန္တရာယ်ရှိ လုပ်ငန်းတွင် အရွယ်မရောက်ကလေးများ ခိုင်းစေပါက တိုင်ကြားနိုင်

အရွယ်မရောက်သေးသည့် ကလေး များကို အန္တရာယ်ရှိသည့် လုပ်ငန်းများ တွင် ခိုင်းစေနေပါက အချိန်မရွေး တိုင် ကြားနိုင်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။ အရွယ်မရောက်သူများကို အန္တရာယ် ရှိသည့် (ဘက်ထရီလုပ်ငန်း၊ လွှစက် အစရှိသည့်) လုပ်ငန်းများတွင် ခိုင်းစေ နေပါက လာရောက် တိုင်ကြား...

သေနတ်ထိ သေဆုံးသွားသူ သဘော့ဆိပ်ရွာမှ အမျိုးသမီးနှစ်ဦး အလောင်းပြန်မရတော့

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာအုပ်စု ဒေသအခေါ် ချောင်းဝပြင်ရွာတွင် စစ်သား‌တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ မအေးချိုနှင့် ဒေါ်ဆန်းပိုတို့နှစ်ဦး၏ အလောင်းပြန်မရတော့ကြောင်း မိသာစုဝင်တစ်ဦးက ပြောသည်။ ၎င်းအမျိုးသမီးနှစ်ဦးစလုံးကို မီးသဂြိုဟ်လိုက်ပြီဖြစ်ကြောင်းနှင့် အလောင်းဓာတ်ပုံများကို မိသာစုဝင်တို့ထံ မေလ ၃၁...

တနင်္သာရီတိုင်းသို့ ပြေးဆွဲသည့် အဝေးပြေးယာဥ်လိုင်းများ သင်္ကြန်ကာလ ရပ်နားမည်

ရန်ကုန်မှ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်မြို့များသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဥ်လိုင်းအားလုံး နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း ရပ်နားထားမည်ဖြစ်ကြောင်း ယာဥ်လိုင်းများထံက သိရသည်။ သင်္ကြန်အကြိုရက် ဧပြီ ၁၃ ရက်မှ နှစ်ဆန်းနှစ်ရက် ဧပြီ ၁၈ ရက်အထိ ပြေးဆွဲမှု...

တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု အဂတိကော်မရှင်မှ ညွှန်ကြားရေးမှူးကို စစ်မည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏အမှု ရုံးချိန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်(ACC)မှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို တရားလိုပြသက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။ အဆိုပါအမှု၏ အကြိမ် ၄၀ မြောက် ရုံးချိန်းဖြစ်သည့်...

မလွှဲတောင်အနီး ကိုးမိုင်ရွာတွင်တိုက်ပွဲဖြစ်၍ ဒေသခံများတိမ်းရှောင်

မလွှဲတောင် ရေးမြို့နယ်အပိုင်းရှိ ကိုးမိုင်ရွာပတ်ဝန်းကျင်တွင် ယနေ့(ဧပြီ၁၂) မနက် ၈ နာရီမှစ၍ နေ့လယ်၂နာရီဝန်းကျင် အထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများကပြောသည်။ “ ပစ်သံကတော့ကြားရတာ တော်တော်ကျယ်တယ်။ ရွာသားတွေကတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေဦးစားပေးပြီးကိုယ့်အစီအစဥ်နဲ့ကိုယ် ပြောင်းနေကြတာပဲ”...