Dawei Watch, Dawei News, Dawei News Media

ကော့သောင်းကြက်ဝိုင်း ရဲဝင်ဖမ်း

ကော့သောင်းမြို့နယ်၊ မလိဝမ်း ကျေးရွာအုပ်စုရှိ ယုဇနဆီအုန်းခြံအတွင်း ကြက်တိုက်လောင်းကစားလုပ်နေသူများကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါကြက်ဝိုင်းအား သတင်းအရ ဝင်ရောက်ဖမ်းဆီးရာတွင် ဆီအုန်းခြံ၏ မြေကွက်လပ်ပေါ်တွင် ကြက်တိုက်နေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ...

ကိုဗစ်ကု သီတဂူဆေးရုံ စေတနာ့ဝန်ထမ်းများ စားသောက်ရေး အခက်ကြုံ

ကိုဗစ်ရောဂါ ကုသပေးနေသည့် ထားဝယ်မြို့ရှိ သီတဂူဆေးရုံတွင် ကူညီလုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းများ ထမင်းစားသောက်ရေးအတွက် အခက်ကြုံနေကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။ ကြက်ခြေနီတပ်ဖွဲ့က အထက်ပါဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ်လူနာများအား စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

သုံးရက်ကြာထိန်းသိမ်းခံရသည့် ထားဝယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော် ပြန်လွတ်

ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ထိန်းသိမ်းစစ်မေးခံရသည့် အုပ်ချုပ်ရေးမှူးဟောင်းအချို့ထံမှ သိရသည်။ မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်ကို ဧပြီလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့မရဲစခန်း၌ စတင်ထိန်းသိမ်း ထားခဲ့သည်။
ကားလမ်းအပေါ်မှ ကျောက်သယ်စက်ကိရိယာကိစ္စ စစ်ဆေးမည်

ကားလမ်းအပေါ်မှ ကျောက်သယ်စက်ကိရိယာကိစ္စ စစ်ဆေးမည်

ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စု ခရင်းချောင်းကျေးရွာရှိ လမ်းခင်း ကျောက်တုံးကဲ့သို့သော ကျောက်တုံးများကို သယ်ယူရန်အတွက် ကားလမ်းအပေါ် ဖြတ်ဆောက်ထားသော စက်ကိရိယာ ကိစ္စ စစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန တိုင်းဦးစီးမှူး က ပြောသည်။
Dawei Watch, Dawei News, Dawei News Media

ထားဝယ် စောမိညို ပစ်ခတ်မှု အနည်းဆုံး တစ်ဦးဒဏ်ရာရ

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် စောမိညိုလမ်းတွင် ဧပြီလ ၂၅ ရက် ညနေ ၃ နာရီကျော်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးတစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း ယင်းရပ်ကွက်နေသူတို့ထံမှ သိရသည်။ မြို့အတွင်း လှည့်လယ်သွားလာနေသည့် ရဲကားများ စောမိညိုလမ်းကို ဖြတ်သန်းစဉ်...
Dawei Watch, Dawei News, Dawei News Media

မြို့သစ် ၇ လမ်းတွင် အဖမ်းခံရသည့် ကိုဝေယံကျော်အား ဖမ်းထားသည့်နေရာ မိသားစု မသိရသေး

ထားဝယ်မြို့၊ မြို့သစ် ၇ လမ်းတွင် ဖမ်းခံရသည့် ကိုဝေယံကျော်အား မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရသေးကြောင်း ၎င်း၏ မိခင်ဖြစ်သူက ပြောကြားသည်။ ထားဝယ်မြို့သစ်ရှိ ကိုဝေယံကျော်ပိုင်သည့် စားသောက်ဆိုင်အတွင်းသို့ အရပ်ဝတ်နှင့် လူလေးဦးဝင်လာပြီး ခေါ်ဆောင်သွားသည်ဟု မိခင်ဖြစ်သူက...

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ပြန်ဖွဲ့

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအား တပ်ကောင်စီက မေလအစောပိုင်းတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(အငြိမ်းစား) ဖြစ်သူ ဦးအောင်စိုးက ဥက္ကဋ္ဌတာဝန်ယူထားသည်။ ယခင်က ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန...

လောင်းလုံး ရေဖြူရွာသား လေးဦးအဖမ်းခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုမှ ရွာသားလေးဦး ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် အဖမ်းခံထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဖမ်းခံထားရသူများမှာ ရေဖြူကျေးရွာ နာရေးကူညီမှုအသင်းဝင် အသက် ၄၀ ကျော်အရွယ် ဦးဖိုးဇော်၊ ပိန္နဲတောရွာသား...

သပိတ်ဦးဆောင်သူ အပါအဝင် ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသူအချို့ ထောင်ဒဏ်လေးနှစ်အထိ ချမှတ်ခံရ ဟုဆို

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသည့် ဆန္ဒပြဦးဆောင်သူ ကိုအောင်ဝေယံကျော်အပါအဝင် အဖမ်းခံရသူ ကိုးဦးအနက် အချို့ကို ထောင်ဒဏ်လေးနှစ်အထိ ချမှတ်ခဲ့ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ ၎င်းတို့ကို မတ်လ ၁၈ ရက်နေ့က ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး...
Dawei Watch, Dawei News, Dawei News Media

ဘီးလင်းတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာတွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဒေါက်ရပ်ကျေးရွာနေ ဦးမျိုးမြင့်သည် စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းခန့်က အသက် ၈ နှစ်အရွယ် မြေးဖြစ်သူနှင့်အတူ နေအိမ်တွင်...