ကော့သောင်းကြက်ဝိုင်း ရဲဝင်ဖမ်း

0
140
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့နယ်၊ မလိဝမ်း ကျေးရွာအုပ်စုရှိ ယုဇနဆီအုန်းခြံအတွင်း ကြက်တိုက်လောင်းကစားလုပ်နေသူများကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါကြက်ဝိုင်းအား သတင်းအရ ဝင်ရောက်ဖမ်းဆီးရာတွင် ဆီအုန်းခြံ၏ မြေကွက်လပ်ပေါ်တွင် ကြက်တိုက်နေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ ဖမ်းဆီးရာတွင် အမျိုးသား ခြောက်ဦးနှင့်အတူ တိုက်ကြက်ဖ နှစ်ကောင်နှင့် ငွေကြေးများ၊ ကြက်တိုက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထို့အပြင် ဆိုင်ကယ်မျိုးစုံ ၃၃ စီး၊ ဘေးတွဲဆိုင်ကယ် တစ်စီးနှင့် မော်တော်ကား တစ်စီးကိုလည်း သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းမိသူ အမျိုးသားခြောက်ဦးကို လောင်းကစား ဥပဒေပုဒ်မ- ၁၅(က)ဖြင့် ကော့သောင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။