ပုလောတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မူးယစ်ဆေးဖမ်းဆီး

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မူးယစ်ဆေးဝါးဖမ်းဆီးမှု စတင်ပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောပြည်သူ့ကာကွယ်ရေးတပ်များက ပုလောမြို့နယ်ရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူ များအား ဖမ်းဆီးနှိမ်နင်းမည်ဟု သတိပေးထားပြီး ယခုလအတွင်း စတင်ဖမ်းဆီးလာသည်ဟု ဒေသခံများက ပြောသည်။

မြိတ်တွင် အမှိုက်သိမ်းရက်လျှော့လိုက်သဖြင့် လမ်းဆုံ၊ လမ်းထိပ် အမှိုက်များစုပုံ

မြိတ်မြို့ပေါ်ရှိ ရပ်ကွက်တို့တွင် အမှိုက်သိမ်းယာဉ်များ အမှိုက်လာရောက်သိမ်းဆည်းသည့်ရက်ကို လျှော့ချလိုက်သဖြင့် လမ်းဆုံ၊ လမ်းထိပ်တို့၌ အမှိုက်များ မကြာမကြာ စုပုံနေကြောင်း ရပ်ကွက်နေသူတို့က ပြောသည်။ ယခင်က ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်တို့သည် တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် နေအိမ်ရှေ့အရောက် လှည့်လည်...

မြိတ်ခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဒေသခံလူထုနှင့်တွေ့ဆုံဆွေးနွေး

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များက ကျေးလက်တောရွာနှင့် ပင်လယ်ရွာများအထိ လာရောက်ကာ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း မြိတ်ခရိုင်တပ်ရင်း(၂) နှင့် ဒေသခံများ ထံမှသိရသည်။ ယင်းသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံများတွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

မြိတ်တွင် မျက်စိနာသူများလာ

မြိတ်မြို့တွင် ဒီဇင်ဘာလဆန်းမှစပြီး လက်ရှိအချိန်အထိ မျက်စိနာရောဂါအဖြစ်များနေကြောင်း ရပ်ကွက်နေသူနှင့် ဆေးခန်းအချို့ထံမှ သိရသည်။ လက်ရှိတွင် ရပ်ကွက်များအတွင်း မိသားစုအလိုက်ဖြစ်ပွားနေကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဒီရောဂါမျိုးက ရာသီအပြောင်းအလဲကြောင့် ဖြစ်တတ်တယ်။ အပူကန်ပြီး...

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ် ပစ်ခတ်မှုဖြစ်ပြီး လေးနာရီခန့်လမ်းပိတ်ခဲ့

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်  ယနေ့ နံနက် ၉ နာရီဝန်းကျင်က နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လေးနာရီအကြာ လမ်းပိတ်မိခဲ့သည်ဟု ကားသမားများကပြောသည်။ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ် မော်တုံးနှင့် ဘန်းလမွတ်ကျေးရွာအနီးတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး မြိတ်မှလာသည့် ကုန်တင်ကား၊ခရီးသည်တင်ကား အပါအဝင်ယာဥ်အားလုံးကို   နံနက်...

တနင်္သာရီ အနောက်မော်တုံးက စစ်ဘေးရှောင်ကလေးများ ဝမ်းရောဂါဖြစ်၊ ဆေးဝါးများလိုအပ်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုံးကျေးရွာက စစ်ဘေးရှောင်နေကြသည့် ကလေးငယ်များ ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်နေပြီး ဆေးဝါးများလိုအပ်နေကြောင်း စစ်ဘေးရှောင်နေသူများထံမှ သိရသည်။ အနောက်မော်တုံးကျေးရွာတွင် နိုဝင်ဘာလ ၁၄ ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ငါးရာဝန်းကျင်သည် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။

မြိတ်တွင် ရေမီတာများ မကြာခဏဖြုတ်ခိုးခံနေရ

မြိတ်မြို့ရှိ ရပ်ကွက်အချို့တွင် ရေမီတာများ မကြာခဏဖြုတ်ခိုးခံနေရကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။ ရေပေးဝေဖြန့်ဖြူးရာတွင် အသုံးပြုသည့် တရုတ်နိုင်ငံထုတ် ပလက်စတစ် ရေမီတာနှင့် ထိုင်းနိုင်ငံထုတ် ကြေးမီတာ နှစ်မျိုးရှိသည့်အနက် ကြေးမီတာများ ဖြုတ်ခိုးခံနေရကြောင်း မြိတ်မြို့နေ ပြည်သူများက ပြောသည်။

၂ နှစ်အတွင်း မြိတ်-ကော့သောင်း လေယာဉ်လက်မှတ် သုံးဆကျော်ဈေးတက်

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအကြာ မြိတ်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်းမှာ သုံးဆ‌ကျော် ဈေးတက်လာခဲ့သည်။ မြိတ်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်း တစ်စောင်လျှင် အာဏာမသိမ်းမီက ၄၅၀၀၀ ကျပ်သာရှိခဲ့ရာ လက်ရှိတွင် ၁၅၀၀၀၀ ကျပ်ရှိနေပြီဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်တချို့မှ သိရသည်။

မြိတ်နှင့် ကော့သောင်းတို့တွင် လေးရက်အတွင်း အမျိုးသားသုံးဦး ကြိုးဆွဲချသေဆုံး

မြိတ်မြို့နှင့် ကော့သောင်းမြို့တွင် လေးရက်အတွင်း အမျိုးသားသုံးဦး ကြိုးဆွဲချပြီး သေဆုံးကြောင်း နာရေးကူညီမှုအသင်းများနှင့် ဒေသခံများထံမှ သိရသည်။ မြိတ်မြို့၊ ကလွှင်ကျေးရွာအုပ်စု၊ တောင်ပြိုရပ်ကွက်ရှိ ကွမ်းခြံအတွင်း နေအိမ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က အသက် ၃၀...

မြိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်၊ ၈နှစ်ကလေးအပါအဝင် ဆိုင်ကယ်စီးလာသူ သုံးဦးစလုံးသေဆုံး

မြိတ် - ကျွဲကူးရွာ ကားလမ်းမကြီးပေါ်ရှိ ရတနာ့ဂုဏ်ရည်ရိပ်သာအနီးတွင် ဒီဇင်ဘာလ ၁ဝရက် ညတွင် ကားနှင့် ဆိုင်ကယ်တိုက်သဖြင့် ဆိုင်ကယ်ပေါ်ပါသူ သုံးဦးစလုံး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ INSIGHT အမျိုးအစားကားနှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိကာ...