ထီဆိုင်များ အပြိုင်အဆိုင်

မြိတ်မြို့ရှိ အောင်ဘာလေထီ အရောင်းဆိုင်ကြီးအချို့တို့တွင် ဇွန်လမှစပြီး ရွှေဆွဲပြားများနှင့် မော်တော်ဆိုင်ကယ်တို့အားကံထူးနိုင်မည့် ကံစမ်းမဲစနစ်တို့ဖြင့် အပြိုင်အဆိုင်ရောင်းချနေကြကြောင်း ယင်းထီအရောင်းဆိုင်အသိုင်းအဝိုင်းထံမှ သိရသည်။ မြို့မအားကစားကွင်းအရှေ့နှင့် ကံခေါင်းမီးပွိုင့်အနီး ကရာနီလမ်းဆုံတို့ရှိ သိကြားမင်းထီဆိုင်ကြီးတို့တွင် ထီငါးစောင်ထိုးပါက၂၀၂၀ခုနှစ်ထုတ် မော်တော်ဆိုင်ကယ်နှစ်စီးနှင့် ရွှေဆွဲပြား၂၀ကံထူးနိုင်မည့် ကံစမ်းမဲလက်မှတ်တစ်စောင်ရရှိမည်ဖြစ်ကြောင်း ယင်းထီဆိုင်မှသိရ...

ဒီပင်္ကရာဘုရားရုပ်ပွားတော် ဖျက်ဆီးသူအား အရေးယူမည်

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ပေါ်တော်မူစေတီတော်တွင်ပူဇော်ထားသည့် ဒီပင်္ကရာဘုရားရုပ်ပွားတော်ဖျက်ဆီးသူအား ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ပေါ်တော်မူစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးစိုးက ပြောကြားသည်။ အသက်နှစ်ဆယ်ကျော်ရှိအမျိုးသားတစ်ဦးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကဒီပင်္ကရာဘုရားရုပ်ပွားတော်အား ပလ္လင်ပေါ်မှတွန်းချခဲ့သည့်အတွက် ဘုရား၏ဦးခေါင်းတော်ပြုတ်ထွက်ပြီး သင်္ကန်းနှင့် ဘယ်ဘက်လက်‌တော်ကျိုးပဲ့သွားကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအေးစိုးက ပြောပြသည်။

မြိတ်သို့ကုန်းလမ်းမှ တိုင်းကျော်ခရီးသည်ဝင်ရောက်မှု လေးပုံတစ်ပုံသာကျန်

ရန်ကုန်-မြိတ်အဝေးပြေး ယာဉ်လိုင်းများကို ဇွန်လ ၅ ရက်နေ့ကစဖွင့်ပြီးနောက် မြိတ်ခရိုင်အတွင်းသို့ ကုန်းလမ်းမှ တိုင်းကျော်ခရီးသည်ဝင်ရောက်မှု လေးပုံတစ်ပုံသာရှိတော့ကြောင်း မြိတ်အဝေးပြေးကားဝင်းတာဝန်ခံနှင့် မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်လိုင်းများ ထိန်းသိမ်း ရေးကော်မတီထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးမဖြစ်ခင်က အနယ်နယ်အရပ်ရပ်မှ မြိတ်သို့ တစ်နေ့လျှင် ခရီးသည်ငါးရာနီးပါးခန့်နေ့စဉ်...

ပန်းပဲလုပ်ငန်း၏ အနာဂတ်

နှစ်ပေါင်းရာထောင်ချီတည်တံ့လာခဲ့သည့် မြန်မာ့ပန်းဆယ်မျိုးအနက် လက်မှုပညာတစ်ရပ်ဖြစ်သည့် ပန်းပဲလုပ်ငန်းသည် ယခုအချိန်မှာတော့ လူငယ်ထုအကြား စိတ်ဝင်စားမှုနည်းလာနေပြီ ဖြစ်သည်။ နည်းပညာအိုင်တီခေတ်သို့ ကူးပြောင်းလာပြီးနောက် အားခွန်ဖြင့် ပင်ပင်ပန်းပန်းလုပ်ရသည့် ယင်းလုပ်ငန်းကို ခေတ်လူငယ်များအနေဖြင့် စိတ်ဝင်စားမှုမရှိကြတော့။ လူငယ်များအနေဖြင့်...
video

Dawei Watch TV/ လာမည့်ရွေးကောက်ပွဲ နှင့် တနင်္သာရီ ဝန်ကြီးချုပ်

လာမည့် ရွေးကောက်ပွဲတွင် တနင်္သာရီ ဝန်ကြီးချုပ် ဦးမြင့်မောင် ရွေးကောက်ပွဲ ဝင်မည်လော၊ လက်ရှိ တာဝန်ထမ်းဆောင်နေစဉ် အားရမှု၊ အားမရမှု စသည်တို့ နှင့် ပတ်သက်ကာ Dawei Watch/တနင်္သာရီ အပတ်စဉ်က တွေ့ဆုံမေးမြန်းထားပါသည်။

ရေထဲပြုတ်ကျသည့် ကျောင်းသားအလောင်း သုံးရက်ကြာမှ ပြန်တွေ့

ရေထဲပြုတ်ကျခဲ့သည့် ရူပဗေဒဒုတိယနှစ်ကျောင်းသား၏ ရုပ်အလောင်းအား သုံးရက်အကြာ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကောင်းကောင်းကဏန်း မွေးမြူရေးကန်အနီးတွင် ပြန်လည်တွေ့ ရှိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ မြိတ်မြို့နောက်လယ်ရပ် အမှတ် ၁ ဆိပ်ခံဘောတံတားတွင် ဇွန်လ...

သမီးအရင်းကို သားမယားပြုကျင့်သည်ဟု တိုင်ကြားခံရသူဖမ်းမိ

သမီးအရင်းကိုသားမယားပြုကျင့်သည်ဟု တိုင်ကြားခံရသည့်အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲ စခန်းထံမှသိရသည်။ ဇွန်လ ၁၀ရက်နေ့က ဖမ်းဆီးခံရသူ၏ဇနီးက လာရောက်တိုင်ကြားခဲ့ပြီး ဇွန်လ ၁၁ရက်နေ့နံနက်တွင် ကော့သောင်းမြို့ နယ်၊ ပုလုံးတုံတုံးကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် ကော့သောင်းရဲတပ်ဖွဲ့မှဖမ်းဆီးလိုက်သည်ဟု မြိတ်မြို့မရဲ စခန်းမှစခန်းမှူး ဒုရဲမှူးချိုလွင်က...

ကျွန်းစုတွင် ဘုရားဆင်းတုတော်များကို အိပ်မက်အရ တွေ့ရှိခြင်းမဟုတ်ဟု ကာယကံရှင် မိသားစုဆို

ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ကမာချောင်းကျေးရွာတွင် ဇွန်လ ၅ ရက်က အသက် ၆ နှစ်ရှိ ကလေးငယ်၏အိပ်မက်အရ ဘုရားဆင်းတုတော်များ တွေ့ရှိသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ကာယကံရှင်မိသားစုထံမှ သိရသည်။ အဆိုပါ ကလေးငယ်၏အိပ်မက်အရ သွားရောက်ကြည့်ရှုရာ ဘုရားဆင်းတုတော်များ...

ကိုဗစ်ကာလတစ်လျှောက် မြိတ်ဘိုးဘွားရိပ်သာတွင် အလှူရှင် ပြတ်လပ်မှု မရှိ

ကိုဗစ်ကာလတစ်လျှောက် မြိတ်မြို့ ကလွင်ကျေးရွာအုပ်စုရှိ တောင်သာယာဘိုးဘွားရိပ်သာတွင် အလှူရှင်များပြတ်လပ်မှုမရှိကြောင်း ယင်းဘိုးဘွားရိပ်သာ တာဝန်ခံတစ်ဦးထံမှ သိရသည်။ တောင်သာယာဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအတွက် မနက်၊ နေ့လယ်စာနှင့် နေ့ခင်းဘက်တွင် အအေး၊ မုန့် အချိုတို့အား မွေးနေ့နှစ်ပတ်လည်၊ အထိမ်းအမှတ်နှစ်ပတ်လည်ကဲ့သို့ လှူဒါန်းမှုများရှိနေကြောင်း...

အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကိုလည်း ကိုဗစ်အလွတ်မပေးပါ

ကိုဗစ်နိုင်တင်းကြောင့် တစ်နိုင်တစ်ပိုင်အိမ်တွင်း တံမြက်စည်းလုပ်ငန်းငယ်များ ဝင်ငွေထိုးကျနေသည်မှာ သုံးလခန့်ရှိနေပြီဖြစ်သည်။ အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကို မြိတ်တစ်ဖက်ကမ်း အိမ်ခြေငါးရာ နီးပါးခန့်ရှိသည့် ပထော်ကျေးရွာတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ပထော်ကျေးရွာနေထိုင်သူအချို့သည် ဥယျာဉ်ခြံမြေလုပ်ငန်းလုပ်ကိုင်ကြပြီး အများစုမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း...