ရေထဲပြုတ်ကျသည့် ကျောင်းသားအလောင်း သုံးရက်ကြာမှ ပြန်တွေ့

0
288

ရေထဲပြုတ်ကျခဲ့သည့် ရူပဗေဒဒုတိယနှစ်ကျောင်းသား၏ ရုပ်အလောင်းအား သုံးရက်အကြာ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကောင်းကောင်းကဏန်း မွေးမြူရေးကန်အနီးတွင် ပြန်လည်တွေ့ ရှိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

မြိတ်မြို့နောက်လယ်ရပ် အမှတ် ၁ ဆိပ်ခံဘောတံတားတွင် ဇွန်လ ၉ ရက် နေ့ ည ၈ နာရီအချိန်ခန့်က ရေထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း မြို့မရဲစခန်းနှင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနတို့မှ သိရသည်။

ဘောတံတားရှိ လှေတစ်စီးပေါ်မှ အခြားတစ်စီးပေါ်သို့ ခုန်ကူးရာတွင် ခြေထောက်ချော်ပြီး ရေထဲသို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ရေထဲသို့ ပြုတ်ကျစဉ် အတူပါလာသည့် သူငယ်ချင်းဖြစ်သူက ဆယ်ယူခဲ့သော်လည်း ရေစီးအားဖြင့် မျောပါသွားကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။