မြိတ်တွင် လေးရက်အတွင်း လူပျောက်တိုင်ကြားမှု သုံးခုရှိ

မြိတ်မြို့တွင် ဇွန်လ ၂‌၉ ရက်နေ့မှ ဇူလှိုင်လ ၂ ရက်နေ့အထိ လေးရက်အတွင်း လူပျောက်အမှု သုံးမှုရှိကြောင်း မြိတ်မြို့မရဲစခန်းနှင့် ကာယကံရှင်တို့ထံမှ သိရသည်။ မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု ကန်သာယာကျေးရွာနေ အသက်နှစ်ဆယ်အရွယ်ရှိ ဒုတိယနှစ် သင်္ချာကျောင်းသူတစ်ဦးမှာ...

တနင်္သာရီမြို့တွင် ပျံကျဈေးဆိုင်များ နေရာထပ်ပြောင်း

တနင်္သာရီမြို့ရှိ ပျံကျဈေးဆိုင်များအား ဇွန်လ ၂၇ ရက်နေ့မှစပြီး ချောင်းကြီး ရပ်ကွက် တိုးချဲ့ ၁ လမ်းအတွင်းသို့ ထပ်ပြောင်းရွှေ့ခဲ့ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်ထံမှ သိရသည်။ ကိုဗစ်နိုင်တီးရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် အောင်မင်္ဂလာ...

မောတောင်နယ်စပ်ဂိတ်မှ ကုန်ခြောက် သယ်ယူခွင့် စတင်ခွင့်ပြုမည်

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်ဂိတ်မှ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်းများ စသဖြင့် ကုန်ခြောက်များ သယ်ယူဖြတ်သန်းခွင့်ပြုနိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြိတ်-ပရာကျွတ် ညီအစ်မမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ကိုဗစ်နိုင်တီးရောဂါဂယက်ကြောင့် မောတောင်နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ စင်ခွန်းအထူးယာယီနယ်စပ်ဂိတ်...

မြိတ်ဟိုတယ်များတွင် ခရီးသည် လာရောက်မှု ရှစ်ဆယ်ရာခိုင်နှုန်း လျှော့ကျ

ကိုဗစ်ကာလအတွင်း သုံးလနီးပါး ပိတ်ထားကြသည့် မြိတ်မြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအား ဇွန်လပထမအပတ်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ခရီးသည် လာရောက်မှု ၂၀ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။ ယခင်ကပုံမှန်လာရောက်နေသည့် ခရီးသည်ဦးရေတစ်ရာလျှင် ၂၀ ဦးခန့် အထိကျဆင်းသွားကြောင်း မြိတ်မြို့ရှိ...

မြိတ်ဒူးရင်းစေ့ ဈေးကွက် ထက်ဝက်ထိုးကျ

လွန်ခဲ့သည့် သုံးနှစ်ခန့်မှစ၍ထိုင်း နိုင်ငံသို့ တင်ပို့ရောင်းချနေသည့်မြိတ်ဒေသထွက်ဒူးရင်းစေ့များယခုနှစ်တွင် ဈေးနှုန်းထက်ဝက်ထိုးကျခဲ့ရကြောင်း ဒူးရင်းစေ့ရောင်းဝယ်သူများထံမှ သိရသည်။ ယမန်နှစ်ကဒူးရင်းစေ့တစ်ပိဿာလျှင် သုံးထောင်ကျပ်ခန့်ဝယ်ဈေးပေါက် ခဲ့သည်။ “အရင်နှစ်တွေကထက်တော့ ဈေးထက်ဝက်ကျော်လောက်ကို ကျသွားတာပေါ့” ဟု မြိတ်မြို့၊ ဇေယျာသီရိ...

လွှတ်တော်ကိုယ်စားလှယ် သက်တမ်းပြည့်က ပိုင်ဆိုင်မှုစာရင်းတင်ပြမည်ဟု ဦးဇော်ဟိန်းပြော

လွှတ်တော်ကိုယ်စားလှယ် ငါးနှစ် သက်တမ်းပြည့်သည့်အချိန်တွင် ပိုင်ဆိုင်မှုစာရင်းများကို အင်န်အယ်ဒီပါတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် မဲဆန္ဒနယ်အမှတ် ၇ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိုယ်စားလှယ်မဖြစ်ခင်အချိန်တွင် ပိုင်ဆိုင်မှုစာရင်းများကို ပါတီသို့ တင်ပြထားရပြီး...

မြိတ်က ပုစွန်ကန် သိမ်းဆည်းမြေကိစ္စကို တိုင်းလွှတ်တော် မြေယာစောင့်ကြည့်ရေးအဖွဲ့ စစ်မည်

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု လော့လော့ကျေးရွာရှိ ပုစွန်ကန်ဆောင်ရွက်ရန်အတွက် သိမ်းဆည်းထားသော မြေယာကိစ္စကို တိုင်းလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့်ရေးအဖွဲ့က စတင်စစ်ဆေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဥက္ကဋ္ဌ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ပြောသည်။ တိုင်းလွှတ်တော်ထံ တိုင်ကြားထားသည့် မြေယာအငြင်းပွားမှုကိစ္စများအနက် ယင်းအဖွဲ့က ဦးစားပေး ကိုင်တွယ်စိစစ်မည့်...

ထီဆိုင်များ အပြိုင်အဆိုင်

မြိတ်မြို့ရှိ အောင်ဘာလေထီ အရောင်းဆိုင်ကြီးအချို့တို့တွင် ဇွန်လမှစပြီး ရွှေဆွဲပြားများနှင့် မော်တော်ဆိုင်ကယ်တို့အားကံထူးနိုင်မည့် ကံစမ်းမဲစနစ်တို့ဖြင့် အပြိုင်အဆိုင်ရောင်းချနေကြကြောင်း ယင်းထီအရောင်းဆိုင်အသိုင်းအဝိုင်းထံမှ သိရသည်။ မြို့မအားကစားကွင်းအရှေ့နှင့် ကံခေါင်းမီးပွိုင့်အနီး ကရာနီလမ်းဆုံတို့ရှိ သိကြားမင်းထီဆိုင်ကြီးတို့တွင် ထီငါးစောင်ထိုးပါက၂၀၂၀ခုနှစ်ထုတ် မော်တော်ဆိုင်ကယ်နှစ်စီးနှင့် ရွှေဆွဲပြား၂၀ကံထူးနိုင်မည့် ကံစမ်းမဲလက်မှတ်တစ်စောင်ရရှိမည်ဖြစ်ကြောင်း ယင်းထီဆိုင်မှသိရ...

ဒီပင်္ကရာဘုရားရုပ်ပွားတော် ဖျက်ဆီးသူအား အရေးယူမည်

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ပေါ်တော်မူစေတီတော်တွင်ပူဇော်ထားသည့် ဒီပင်္ကရာဘုရားရုပ်ပွားတော်ဖျက်ဆီးသူအား ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ပေါ်တော်မူစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးစိုးက ပြောကြားသည်။ အသက်နှစ်ဆယ်ကျော်ရှိအမျိုးသားတစ်ဦးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကဒီပင်္ကရာဘုရားရုပ်ပွားတော်အား ပလ္လင်ပေါ်မှတွန်းချခဲ့သည့်အတွက် ဘုရား၏ဦးခေါင်းတော်ပြုတ်ထွက်ပြီး သင်္ကန်းနှင့် ဘယ်ဘက်လက်‌တော်ကျိုးပဲ့သွားကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအေးစိုးက ပြောပြသည်။

မြိတ်သို့ကုန်းလမ်းမှ တိုင်းကျော်ခရီးသည်ဝင်ရောက်မှု လေးပုံတစ်ပုံသာကျန်

ရန်ကုန်-မြိတ်အဝေးပြေး ယာဉ်လိုင်းများကို ဇွန်လ ၅ ရက်နေ့ကစဖွင့်ပြီးနောက် မြိတ်ခရိုင်အတွင်းသို့ ကုန်းလမ်းမှ တိုင်းကျော်ခရီးသည်ဝင်ရောက်မှု လေးပုံတစ်ပုံသာရှိတော့ကြောင်း မြိတ်အဝေးပြေးကားဝင်းတာဝန်ခံနှင့် မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်လိုင်းများ ထိန်းသိမ်း ရေးကော်မတီထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးမဖြစ်ခင်က အနယ်နယ်အရပ်ရပ်မှ မြိတ်သို့ တစ်နေ့လျှင် ခရီးသည်ငါးရာနီးပါးခန့်နေ့စဉ်...