ကိုဗစ်ကာလတစ်လျှောက် မြိတ်ဘိုးဘွားရိပ်သာတွင် အလှူရှင် ပြတ်လပ်မှု မရှိ

0
318

ကိုဗစ်ကာလတစ်လျှောက် မြိတ်မြို့ ကလွင်ကျေးရွာအုပ်စုရှိ တောင်သာယာဘိုးဘွားရိပ်သာတွင် အလှူရှင်များပြတ်လပ်မှုမရှိကြောင်း ယင်းဘိုးဘွားရိပ်သာ တာဝန်ခံတစ်ဦးထံမှ သိရသည်။

တောင်သာယာဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအတွက် မနက်၊ နေ့လယ်စာနှင့် နေ့ခင်းဘက်တွင် အအေး၊ မုန့် အချိုတို့အား မွေးနေ့နှစ်ပတ်လည်၊ အထိမ်းအမှတ်နှစ်ပတ်လည်ကဲ့သို့ လှူဒါန်းမှုများရှိနေကြောင်း သိရသည်။

“တစ်နှစ်ပတ်လုံး အလှူရှင် ရှိ‌ပါတယ်” ဟု အထက်ပါ ဘိုးဘွားရိပ်သာတာဝန်ခံက ပြောသည်။

တောင်သာယာဘိုးဘွားရိပ်သာတွင် အဘိုး ၁၈ ဦးနှင့် အဖွား ၃၄ ဦး စုစုပေါင်း ၄၂ ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း မြို့နယ်အချို့ရှိ ဘိုးဘွားရိပ်သာတို့တွင် ကိုဗစ်ဂယက်ကြောင့် အလှူရှင်များပြတ်လပ်မှုရှိနေကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)